Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဗုံးကြဲမှုကို တံတားဦး​လေတပ်စခန်းမှ တိုက်​လေယာဥ်သုံးစီး ပြုလုပ်ခဲ့ခြင်းဖြစ်

ဖားကန့်မြို့နယ်မှ​​ဒေသခံများကလည်းယမန်​နေ့ညတွင် တိုက်​လေယာဥ်သုံးစင်းဖြင့်လာ​ရောက်ဗုံကြဲတိုက်ခိုက်ခံရခြင်းဖြစ်​ကြောင်းအတည်ပြု​ပြောကြားသည်။

(တံတားဦး​လေတပ်စခန်းကို Google Map တွင်​တွေ့ရမှု )
(တံတားဦး​လေတပ်စခန်းကို Google Map တွင်​တွေ့ရမှု )

ဖားကန့်မြို့နယ်တွင်ယမန်​နေ့ညက အနုပညာရှင်များအပါအဝင်ပြည်သူဆယ်နှင့်ချီ​​သေဆုံး​စေခဲ့​သော ဗုံကြဲတိုက်ခိုက်မှုကို စစ်​ကောင်စီ၏ တံတားဦး​လေတပ် မှတိုက်​လေယာဥ်သုံးစီးက ပြုလုပ်ခဲ့တာလို့ ​လေ​ကြောင်းသတင်းအချက်အလက်​တွေ​ဖော်ပြ​ပေး​နေတဲ့ ရင်းမြစ်​များထံမှသိရသည်။

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင်KIA ၏တပ်မဟာ ၉ နယ်​မြေတွင်KIOတည်​ထောင်ခြင်း ၆၂ နှစ်​မြောက်အထိန်းအမှတ်​နေ့အကြိုပွဲပြုလုပ်၍​တေးသီချင်းများဖြင့် ဖျော်​ဖြေ​နေစဥ် ယမန်​နေ့ (​အောက်တိုဘာ ၂၃ )ည ၈ နာရီခွဲဝန်းကျင်တွင်စစ်​ကောင်စီတပ်၏ တိုက်​လေယာဥ်သုံးစီးကလာ​ရောက်ဗုံးကျဲခဲ့ခြင်းဖြစ်သည်။အခမ်းအနားအတွင်းဗုံးကျဲတိုက်ခိုက်ခံရသဖြင့်ကချင်တိုင်းရင်းသားနာမည်​ကျော် အနုပညာရှင်များအပါအဝင် ပြည်သူ ၅၀ ​ကျော်​သေဆုံး၍ ၅၀ ခန့်​သေဆုံးခဲ့​ကြောင်း ​​ဒေသခံအချို့က People’s Spring သို့​ပြောသည်။

ဖားကန့်ဗုံးကြဲမှုကို တံတားဦး​လေတပ်စခန်းမှ တိုက်​လေယာဥ်သုံးစီး ပြုလုပ်ခဲ့ခြင်းဖြစ်
ဖားကန့်ဗုံးကြဲမှုကို တံတားဦး​လေတပ်စခန်းမှ တိုက်​လေယာဥ်သုံးစီး ပြုလုပ်ခဲ့ခြင်းဖြစ်

စစ်​ကောင်စီ​၏ ​လေ​ကြောင်းအချက်အလက်များကိုစုစည်း​ဖော်ပြ​ပေး​နေ​သော Enemy Air Route Channel (EAR)၏ အချက်အလက်များအရ တံတားဦးလေတပ်စခန်းမှ ယမန်​နေ့ည ၇ နာရီ ၄၅ မိနစ်တွင်Jet Fighter ၂ စင်း စတင်ထွက်ခွာပျံသန်းလာပြီး ​နောက်သုံးမိနစ်အကြာတွင် ​​အခြားဂျက်ဖိုက်တာတစ်စီးထပ်မံထွက်ခွာလာခဲ့ခြင်းဖြစ်​ကြောင်း​ဖော်ပြထားသည်

အဆိုပါဂျက်ဖိုက်တာသုံးစီးသည် ည ၈ နာရီ ၅ မိနစ်တွင်ထီးချိုင့်မြို့ ကိုဖြတ်သန်း၍ ​မြောက်ဖက်သို့ဆက်လက်ပျံသန်းသွားခဲ့ခြင်းဖြစ်သည်။ထို​​​​နောက် နာရီဝက်ခန့်အကြာတွင် ဖားကန့်မြို့နယ်တွင်ဗုံးကျဲပြီးတံတားဦး​​လေတပ်စခန်းကိုပင် ပြန်သွားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

(တံတားဦး​လေတပ်စခန်းကို Google Map တွင်​တွေ့ရမှု )
(တံတားဦး​လေတပ်စခန်းကို Google Map တွင်​တွေ့ရမှု )

ထိုဂျက်ဖိုက်တာ​လေယာဥ်သုံးစင်းသည် ယမန်​နေ့ည ၉ နာရီ ၁၂ မိနစ်တွင်တစ်စီး ၊ ၉ နာရီ ၁၇ မိနစ်တွင်တစ်စီး ၊ ၉ နာရီ ၁၉ မိနစ်တွင်တစ်စီးတံတားဦး​လေတပ်စခန်းသို့ပြန်လည်​ရောင်ရှိခဲ့​ကြောင်းEAR ၏ အချက်အလက်များအရသိရသည်။

ဖားကန့်မြို့နယ်မှ​​ဒေသခံများကလည်းယမန်​နေ့ညတွင် တိုက်​လေယာဥ်သုံးစင်းဖြင့်လာ​ရောက်ဗုံကြဲတိုက်ခိုက်ခံရခြင်းဖြစ်​ကြောင်းအတည်ပြု​ပြောကြားသည်။

(တံတားဦး​လေတပ်စခန်းကို Google Map တွင်​တွေ့ရမှု )
(တံတားဦး​လေတပ်စခန်းကို Google Map တွင်​တွေ့ရမှု )

​စစ်​ကောင်စီတပ်က ​အောက်တိုဘာ ၂၃ ရက်တွင် အထူးစစ်ဆင်​ရေးအဖြစ် တံတားဦး​လေတပ်တွင် ပြင်ဆင်ခဲ့ခြင်းဖြစ်​ကြောင်း​စစ်​ကောင်စီတပ်နှင့်နီးစပ်​သောသတင်းရင်းမြစ်အချို့က​ပြောသည်။ စစ်​ကောင်စီတပ်အတွက် တံတားဦး​လေတပ်စခန်းမှာ အဓိကအကျဆုံး​လေတပ်အ​ခြေစိုက်စခန်းတစ်ခုဖြစ်ပြီး ၊​ ရခိုင်ပြည်နယ်တွင် AA ကို​လေ​ကြောင်းတိုက်ခိုက်ရာတွင် အဓိကတာဝန်ယူတိုက်ခိုက်​နေ​သော​လေတပ်စခန်းဖြစ်သည်။ ယခု​နောက်ပိုင်းတွင် AA ကိုသာမက အထူးစစ်ဆင်​ရေးများတွင် အခြား​ဒေသများကိုပါ ထို​လေတပ်စခန်းမှ တိုက်​လေယာဥ်များက လိုက်လံတိုက်ခိုက်လာခြင်းဖြစ်​ကြောင်း စစ်တပ်တွင်းသတင်းရင်းမြစ်အချို့က​ပြောသည်။

စစ်​ကောင်စီတပ်က ​လေတပ်အထူးစစ်ဆင်​ရေးဇုန်အဖြစ် တံတားဦး​လေတပ်စခန်း၊​မှော်ဘီ​လေတပ်စခန်းနှင့် ​တောင်ငူ​လေတပ်စခန်းတို့ကို ယခုလပိုင်းအတွင်းအသုံးပြု​နေပြီး တံတားဦး​လေတပ်စခန်းတွင် ရုရှား​​လေတပ်မှလေယာဥ်​မောင်းအချို့နှင့်စက်ပြင်ဆရာအချို့ပင် ​ရောက်ရှိ​နေ​ကြောင်းစစ်တပ်သတင်းရင်းမြစ်အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။