အကြိမ်ကြိမ်မီးရှို့ခံခဲ့ရသောကြောင့် အိမ်ခြေ ၃၀ခန့်သာရှိတော့သည့် ကန့်ဘလူမြို့နယ်မှ ဇော်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ထပ်မံ မီးရှို့ဖျက်ဆီးနေသည်။
ဇော်ချောင်းကျေးရွာကို ယနေ့(အောက်တိုဘာလ ၂၄ရက်) နံနက် ၁၁နာရီခွဲခန့်မှစတင်၍ စစ်ကောင်စီစစ်ကြောင်းတစ်ခုက ဝင်ရောက်မီးရှို့နေခြင်းဟု ကန့်ဘလူမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
“ငါးကြိမ်မြောက် မီးလာရှို့နေပြီ။တစ်ရွာလုံး ပြာကျမှ ကျေနပ်မယ့်ပုံပဲ”ဟု ဇော်ချောင်းရွာ ဒေသခံအမျိုးသမီးတစ်ဦးက ပြေသည်။

ဇော်ချောင်းကျေးရွာသည် အိမ်ခြေနှစ်ရာခန့်ရှိသော ရွာဖြစ်ပြီး ၂၀၂၁ ဇူလိုင်ကတွင် စစ်ကောင်စီက ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီးခဲ့သည်။ ယင်းနောက်ပိုင်းတွင် မကြာခဏ မီးလာရှို့ပြီး ယခုအခါ ငါးကြိမ်မြောက်မီးရှို့ဖျက်ဆီးခံရခြင်းဟု ဒေသခံများက ပြောသည်။

Public Service Announcement
ဇော်ချောင်းရွာမှ ရွှေဘုန်းတော်တိုးကျန်းမာရေးနှင့် လူမှုကူညီရေးရုံးခန်းနှင့် လူနာတင်ကားတစ်စီးကိုပါ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု Kotaungbo Revolution KTB-Rက သတင်းထုတ်ပြန်ထားသည်။
ဇော်ချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ ညနေပိုင်းတွင် အလယ်ခုံရွာသို့ ဆက်လက်ဝင်ရောက်သွားကြောင်း Kotaungbo Revolution KTB-Rကသတိပေးထားသည်။


















































