Connect with us

Hi, what are you looking for?

သတင်း

အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေ တော်လှန်အင်အားစုများအားလုံးနှင့်အတူ တိုက်ပွဲဝင်သွားမည်ဟု KNU ထုတ်ပြန်

စစ်ကောင်စီ၏ လုပ်ရပ်များသည် ပြည်တွင်းစစ်အား ပိုမိုနက်ရှိုင်းစွာဖြစ်ပေါ်ရေးသို့ တွန်းပို့နေသည့် နိုင်ငံ၏အလုံးစုံပျက်သုဉ်းရေးသို့ ဦးတည်နေသော လုပ်ဆောင်ချက်များဖြစ်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီ၏ လူမဆန်သောလုပ်ရပ်အား ဝိုင်းဝန်းဆန့်ကျင်ကာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးတွင် ပိုမိုပါဝင်တိုက်ပွဲဝင်ရန်ကိုလည်း KNU က တိုက်တွန်းထားပါသည်။

အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေ တော်လှန်အင်အားစုများအားလုံးနှင့်အတူ တိုက်ပွဲဝင်သွားမည်ဟု KNU ထုတ်ပြန်
အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေ တော်လှန်အင်အားစုများအားလုံးနှင့်အတူ တိုက်ပွဲဝင်သွားမည်ဟု KNU ထုတ်ပြန်

မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ် အပြီးပိုင်ချုပ်ငြိမ်းရေးအတွက် တော်လှန်သူအင်အားစုများအားလုံးနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ ကြေငြာချက်ထုတ်ပြန်သည်။

အောက်တိုဘာလ(၂၃)ရက်ညတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါတွင် ပြုလုပ်ကျင်းပနေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်း (၆၂)နှစ်မြောက်အထိမ်းအမှတ် အကြိုတေးဂီတဖျော်ဖြေပွဲပြုလုပ်ကျင်းပနေစဉ် စစ်ကောင်စီတပ်သည် ဂျက်တိုက်လေယာဉ်သုံးစင်းဖြင့် ဗုံးကြဲခဲ့သဖြင့် အပြစ်မဲ့အရပ်သားပြည်သူလူထုများ၊ အနုပညာရှင်များ(၈၀)ကျော် သေဆုံးခဲ့ကြရသည်။

ထို့အတူ ထိခိုက်ဒဏ်ရာရသူ(၁၀၀)ကျော်ကိုလည်း ဆေးကုသခွင့်မရရှိအောင် ဂင်စီကျေးရွာတွင် စစ်ကောင်စီတပ်က ပိတ်ဆို့တားမြစ်ထားသည့်အတွက် အသက်သေဆုံးမည့်အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း ကြားသိရပါသဖြင့် KNU ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ကျန်ရစ်သူမိသားစုနှင့်သော်လည်းကောင်း၊ ကချင်ပြည်သူတစ်ရပ်လုံးနှင့်သော်လည်းကောင်း KIO ကချင်လွတ်လပ်ရေးအဖွဲ့နှင့်ထပ်တူ ဝမ်းနည်းကြေကွဲရသည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပြည်တွင်းစစ်တွင်အသုံးမပြုရဟု ပိတ်ပင်တားမြစ်ထားသည့် စစ်ဆင်ရေးသုံး စစ်ဂျက်လေယာဉ်များဖြင့် တော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်သားပြည်သူလူထုများ ဟူ၍ ခွဲခြားမှုမရှိပဲ ရန်ငါစည်းခြားလျက် ငါနဲ့မတူ ရန်သူဟူ၍ သိမ်းကြုံးသတ်မှတ်ကာ ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်သည့်လုပ်ရပ်သည် စစ်ရာဇဝတ်မှုအား ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့သော နိုင်ငံတကာလူသားချင်းစာနာထောက်ထားသည့် ဥပေဒများကို ပြောင်ပြောင်တင်းတင်းကျူးလွန်သူနှင့် အမိန့်ပေးစေခိုင်းသည့် စစ်ကောင်စီအား နိုင်ငံတကာအစိုးရအနေနှင့် ပြစ်ဒဏ်ပေးအရေးယူဆောင်ရွက်ရန် KNU က တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် တေးဂီတပွဲအား လူအများငြိမ်းချမ်းစွာ စုဝေးဆင်နွဲနေချိန်တွင် ရက်စက်ကြမ်းကြုတ်စွာ လူသားမဆန်စွာဖြင့် ရည်ရွယ်ချက်ရှိရှိ အစီအစဉ်ရှိရှိဖြင့် အစုလိုက်အပြုံလိုက် ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်ခြင်းသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုနှင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် စစ်ရာဇဝတ်မှုဖြစ်ကြောင်း သက်သေခံလျက်ရှိပြီး စစ်ကောင်စီမှ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများအတွက် တာဝန်ရှိကာ ကျူးလွန်ခံရသူ အပြစ်မဲ့ပြည်သူလူထုများအတွက်လည်း တရားမျှတမှုကိုရရှိရန် တောင်းဆိုသည်ဟု KNU က ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီသည် ပြည်သူတို့အား ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ၎င်းတို့အာဏာဆက်လက်ဆုပ်ကိုင်ရေးကိုသာ ပြုလုပ်နေသည့်အတွက် စစ်တပ်အပေါ် ရွံရှာနာကျည်း မုန်းတီးမှုများကိုသာ ပိုမိုဖြစ်ပေါ်စေပြီး မိမိပြည်သူအား ပြန်လည်သတ်ဖြတ်နေသည့် စစ်တပ်အား တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပိုမိုစည်းလုံးညီညွတ်စွာဖြင့် အတူတကွ ဝိုင်းဝန်းဆန့်ကျင်မှုပြုကြရန် လိုအပ်သည်ဟု KNU က ဆိုသည်။

စစ်ကောင်စီ၏ လုပ်ရပ်များသည် ပြည်တွင်းစစ်အား ပိုမိုနက်ရှိုင်းစွာဖြစ်ပေါ်ရေးသို့ တွန်းပို့နေသည့် နိုင်ငံ၏အလုံးစုံပျက်သုဉ်းရေးသို့ ဦးတည်နေသော လုပ်ဆောင်ချက်များဖြစ်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီ၏ လူမဆန်သောလုပ်ရပ်အား ဝိုင်းဝန်းဆန့်ကျင်ကာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးတွင် ပိုမိုပါဝင်တိုက်ပွဲဝင်ရန်ကိုလည်း KNU က တိုက်တွန်းထားပါသည်။

ထို့အတူ အပြစ်မဲ့လက်နက်မဲ့ အရပ်သားပြည်သူများတို့အား တပ်စွမ်းသရွေ့ အကာအကွယ်ပေးမှုများကို ဆထက်ထမ်းပိုး လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ် အပြီးပိုင်ချုပ်ငြိမ်းရေးအတွက် တော်လှန်သူအင်အားစုများအားလုံးနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း KNU က သဘောထားထုတ်ပြန်ကြေငြာသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။