Connect with us

Hi, what are you looking for?

သတင်း

အနန့်ပါတိုက်ခိုက်ခံရမှု ကျန်ရစ်သူမိသားစု၊ ကချင်လူထု၊ KIO အဖွဲ့နှင့် ထပ်တူဝမ်းနည်းကြောင်း KNU ထုတ်ပြန်

စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်အား ဝိုင်းဝန်းဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးတွင် ပိုမိုပါဝင်တိုက်ပွဲဝင်ရန် တိုက်တွန်းကြောင်း KNUက ထုတ်ပြန်ခဲ့သည်။

အနန့်ပါတိုက်ခိုက်ခံရမှု ကျန်ရစ်သူမိသားစု ၊ ကချင်လူထု ၊ KIO အဖွဲ့နှင့် ထပ်တူဝမ်းနည်းကြောင်း KNU ထုတ်ပြန်
အနန့်ပါတိုက်ခိုက်ခံရမှု ကျန်ရစ်သူမိသားစု ၊ ကချင်လူထု ၊ KIO အဖွဲ့နှင့် ထပ်တူဝမ်းနည်းကြောင်း KNU ထုတ်ပြန်

▪︎စစ်အာဏာရှင် အမြစ်ဖြတ်ရေးတွင် ပိုမိုတိုက်ပွဲဝင်ကြရန် တိုက်တွန်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါ ဒေသသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း မှ တိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သား ပြည်သူများ အနုပညာရှင်များ အပါအဝင် သေဆုံးထိခိုက်သူအများအပြားရှိခဲ့ရာ ကျန်ရစ်သူမိသားစု၊ ကချင်ပြည်သူလူထု နှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) တို့နှင့် ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က တေးဂီတပွဲအား ဗုံးကြဲတိုက်ခိုက် ခြင်းသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု နှင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် စစ်ရာဇဝတ်မှု မြောက်ကြောင်း သက်သေခံလျက်ရှိသည်ဟု KNUက ဆိုသည်။

အနန့်ပါတိုက်ခိုက်ခံရမှု ကျန်ရစ်သူမိသားစု ၊ ကချင်လူထု ၊ KIO အဖွဲ့နှင့် ထပ်တူဝမ်းနည်းကြောင်း KNU ထုတ်ပြန်
အနန့်ပါတိုက်ခိုက်ခံရမှု ကျန်ရစ်သူမိသားစု ၊ ကချင်လူထု ၊ KIO အဖွဲ့နှင့် ထပ်တူဝမ်းနည်းကြောင်း KNU ထုတ်ပြန်

စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်အား ဝိုင်းဝန်းဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးတွင် ပိုမိုပါဝင်တိုက်ပွဲဝင်ရန် တိုက်တွန်းကြောင်း KNUက ထုတ်ပြန်ခဲ့သည်။

Public Service Announcement
Public Service Announcement

KNU အနေဖြင့်လည်း အပြစ်မဲ့ လက်နက်မဲ့ အရပ်သားပြည်သူများတို့အား တက်စွမ်းသရွေ့ အကာအကွယ်ပေးမှုများ ဆထက်ထမ်းပိုး လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး မဟာလူမျိုးကြီး ဝါဒ နှင့် အာဏာရှင်စနစ် အပြီးပိုင် ချုပ်ငြိမ်းရေး အတွက် တော်လှန်သူ အင်အားစုအားလုံးနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook