Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင် ဦးမြင့်နိုင်တို့ကို စစ်ကောင်စီပြန်လွှတ်

ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင်ဦးမြင့်နိုင်တို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးမယ့် အမှုတွဲဖြစ်တဲ့ အဖွဲ့ဝင် ဦးသန်းဌေးကိုတော့ ပြန်လွှတ်ပေးတာမရှိဘူးလို့ စုံစမ်းသိရပါတယ်။

ဦးလှသိန်း
ဦးလှသိန်း

ရွေးကောက်ပွဲ မဲမသမာမှု လုပ်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးထောင် ၃ နှစ်စီချထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင် ဦးမြင့်နိုင်တို့ ကို စစ်ကောင်စီဟာ မနေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ဆန်းပိုင်းက ထောင် ၃ နှစ်စီချလိုက်ပြီး ၃ လကျော်အကြာ မှာ ရမည်းသင်းထောင်ကနေ မနေ့က အောက်တိုဘာလ ၂၆ ရက်မှာ ပြန်လွှတ်ပေးလိုက်တာပါ။

ဦးလှသိန်းနဲ့ ဦးမြင့်နိုင်ကို အာဆီယံ ရဲ့ မြန်မာ့အရေး အရေးပေါ်အစည်းအဝေး မတိုင်ခင် တစ်ရက်အလိုမှာ လွှတ်ပေးလိုက်တာဖြစ်တယ်လို့လည်း စစ်ကောင်စီလော်လီလူမှုကွန်ရက်အချို့မှာ ဖော်ပြကြပါတယ်။

ဦးမြင့်နိုင်
ဦးမြင့်နိုင်

စစ်ကောင်စီဘက်ကတော့ ဘာကြောင့် လွှတ်ပေးလိုက်တယ်ဆိုတာကို တိတိကျကျထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

မဲသမာမှုအကြောင်းပြပြီး အာဏာသိမ်းတဲ့ စစ်တပ်ဟာ အာဏာစသိမ်းတဲ့ ရက်မှာတင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်အချို့ကို ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမသမာမှုနဲ့ ကြိုတင်မဲ မသမာမှု ရှိတယ်ဆိုပြီး ရွေးကောက်ပွဲမသမာမှု ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) နဲ့ တရားစွဲပြီး ထောင်၃ နှစ်စီချခဲ့တာပါ။

ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင်ဦးမြင့်နိုင်တို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးမယ့် အမှုတွဲဖြစ်တဲ့ အဖွဲ့ဝင် ဦးသန်းဌေးကိုတော့ ပြန်လွှတ်ပေးတာမရှိဘူးလို့ စုံစမ်းသိရပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတပြီး ရလဒ်ဟာလည်း ပြည်သူတွေရဲ့ အောင်ပွဲဖြစ် တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောဖူးပါတယ်။

အဖွဲ့ဝင် ဦးမြင့်နိုင်ကလည်း ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတခဲ့တယ်လို့ ရွေးကောက်ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်