Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အကျပ်အတည်းဖြေရှင်းရေး ကုလလုံခြုံရေးကောင်စီ ခေါင်းရှောင်နေခြင်း ရပ်သင့်ပြီဟု အရပ်ဘက်အဖွဲ့ သုံးဖွဲ့ ထုတ်ပြန်

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် လူပေါင်း ၁၀၀ နီးပါး သေဆုံး စေခဲ့သည့် ကချင်ပြည်နယ်၊ ဖားကန့်က မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအပေါ် အစွမ်းကုန် အရေးပေါ်တုံ့ပြန်မှုအဖြစ် ဆောင်ရွက်ရမည်ဟု ၎င်းက တိုက်တွန်းသည်။

(ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီ အစည်းအ​​ဝေးတစ်ခု။ ဓါတ်ပုံ-UN/Mark Garten)
(ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီ အစည်းအ​​ဝေးတစ်ခု။ ဓါတ်ပုံ-UN/Mark Garten)

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာစစ်အုပ်စု၏ အကြမ်းဖက်စစ်ပွဲကို အဆုံးသတ်ရမည့် ၎င်း၏တာဝန်မှ ခေါင်းရှောင်နေခြင်းကို ရပ်သင့်ပြီဟု အရပ်ဘက်အဖွဲ့အစည်း ၃ ဖွဲ့က ယနေ့တိုက်တွန်းထုတ်ပြန်သည်။

မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများ မြင့်တက်လာနေသော်လည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ကျရှုံးနေသည့် ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်၍ ခိုင်မာသည့်အရေးယူမှုများ လုပ်ဆောင်ရတော့မည် ဆိုသည့်အချက်ကို ပြနေသည့် နောက်ထပ်လက္ခဏာတစ်ရပ်ဖြစ်သည်ဟု ရှေ့ပြေးအသံအဖွဲ့၊ ကချင်အမျိုးသမီးများအစည်းအရုံး (ထိုင်းနိုင်ငံ) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့က ဆိုသည်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီကသာ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့မယ်ဆိုရင် ကျွန်မတို့ ဒီအခြေအနေကို ရောက်ချင်မှ ရောက်မှာပါ။ အခုဒီအခြေအနေမှာတော့ မြန်မာစစ်အုပ်စုက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ပြီး အရပ်သားတွေကို မြင်မြင်ရာ ဘယ်သူ့မှမရှောင် ဆက်လက်ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် ကျွန်မတို့ဟာ ကိုယ့်မိတ်ဆွေ၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေကို တမ်းတပူဆွေး နေရပြီး မြန်မာပြည်သူတွေရဲ့ ဘဝဟာ ဒီထက်မက ပိုကြီးတဲ့ အန္တရာယ်ထဲ ကျရောက်နိုင်ခြေ ရှိနေပါတယ်” ဟု ကချင်အမျိုးသမီးများအစည်းအရုံး (ထိုင်းနိုင်ငံ) မှ မွန်းနေလီက ပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် လူပေါင်း ၁၀၀ နီးပါး သေဆုံး စေခဲ့သည့် ကချင်ပြည်နယ်၊ ဖားကန့်က မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအပေါ် အစွမ်းကုန် အရေးပေါ်တုံ့ပြန်မှုအဖြစ် ဆောင်ရွက်ရမည်ဟု ၎င်းက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

အာဆီယံက ပြတ်သားစွာ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်းမှာ တရားမဝင် မြန်မာစစ်အုပ်စု အလိုကျ လုပ်ပေးနေခြင်းဖြစ်ပြီး လုံခြုံရေးကောင်စီက စစ်အုပ်စုအပေါ် ထိရောက်သည့် အရေးယူမှုများ မလုပ်နိုင်အောင် ကာကွယ်ပေးနေခြင်းလည်းဖြစ်ကြောင်း ရှေ့ပြေးအသံအဖွဲ့မှ ဒေါ်ခင်ဥမ္မာက ပြောသည်။

“ပြည်သူလူထုရဲ့ဆန္ဒတွေကို လျစ်လျူရှုပြီး လက်ရှိအကျပ်အတည်းကို ဖန်တီးခဲ့တဲ့ စစ်ရာဇဝတ်ကောင်တွေနဲ့ လက်ဆွဲနှုတ်ဆက်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခဟာ မြန်မာ့ ရှိရင်းစွဲ အကျပ်အတည်းတွေကို ပိုမို ဆိုးရွားလာစေနိုင်ကြောင်းမြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သတိပေးသွားပါတယ်။

နိုင်ငံတကာ

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ဟာ သူ့ရဲ့ အကြံပေး အရာရှိအဖြစ် ခန့်အပ်ထားသူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး အပါအဝင် ကဏ္ဍတချို့ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သတင်း

မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၂၆၀ကမူ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချပြီး ထောက်ခံမှုများ သို့မဟုတ် ထောက်ခံမည့် အစီအစဉ်အားလုံးကို ရပ်တန့်ရန် တိုက်တွန်းသည်။

သတင်း

ကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅နိုင်ငံထဲတွင်အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံကူညီပံ့ပိုးနေသော ရုရှားနှင့် တရုတ်နိုင်ငံတို့ ရှိနေသည်။