Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် စစ်ဘေးရှောင်သောင်းချီရှိနေပြီး ရာသီအကူအကူး‌ပြောင်းကြောင့် ဖျားနာမှုဖြစ်၊ ဆောင်းဝင်လာ၍ စောင်နှင့်အနွေးထည်များလိုအပ်နေ

စစ်ဘေးရှောင်များအား KURDAF မဟာမိတ် အင်အားစု အဖွဲ့ဝင် KSO ဆေးတပ်သားများကလည်း နှစ်ပတ်တစ်ကြိမ် အခမဲ့ ဆေးကုသပေးနေသည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်အတွင်းက ထွက်ပြေးတိမ်းရှောင်လာသည့် ခင်ဦးနယ်ဒေသခံအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်အတွင်းက ထွက်ပြေးတိမ်းရှောင်လာသည့် ခင်ဦးနယ်ဒေသခံအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ဘေးရှောင်သောင်းချီရှိနေပြီး ရာသီဥတုအကူးအပြောင်း၌ ဖျားနာမှုများ ဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများကြောင့် ခင်ဦးမြို့နယ်တွင် အမြဲတမ်း စစ်ဘေးရှောင် ကျေးရွာ (၁၅) ရွာခန့်ရှိပြီး လူဦးရေတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ရာသီဥတု အနည်းငယ်အေးလာ၍ စစ်ဘေးရှောင်အချို့ ဖျားနာကိုက်ခဲမှုဝေဒနာများ ခံစားနေရကြောင်း ခင်ဦးမြို့နယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု-KURDAF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်အတွင်းက ထွက်ပြေးတိမ်းရှောင်လာသည့် ခင်ဦးနယ်ဒေသခံအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်အတွင်းက ထွက်ပြေးတိမ်းရှောင်လာသည့် ခင်ဦးနယ်ဒေသခံအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

“ဆောင်းဝင်တော့မှာဖြစ်လို့ အနွေးထည် ၊ စောင်များ လိုအပ်ပါတယ်။ ရာသီအကူးအပြောင်းမှာ ဖျားနာတာမျိုးတွေ ရှိပါတယ်။”ဟု KURDAF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ဘေးရှောင်များအား KURDAF မဟာမိတ် အင်အားစု အဖွဲ့ဝင် KSO ဆေးတပ်သားများကလည်း နှစ်ပတ်တစ်ကြိမ် အခမဲ့ ဆေးကုသပေးနေသည်ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းတွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှ အောက်တိုဘာ၂၄ ရက်အထိ နေရပ်စွန့်ခွာသူဦးရေ ၆ သိန်းကျော်(၆၁၂,၄၀၀)ရှိနေပြီး တစ်နိုင်ငံလုံး၌ အများဆုံးနေရပ်စွန့်ခွာမှုဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) က အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။