Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးမြို့နယ် ရွာသစ်ကုန်းရွာရှိ စစ်ကောင်စီစခန်းကို ပစ်ခတ်တိုက်ခိုက်

အဆိုပါ စစ်ဆင်ရေးအား မြို့နယ်(ပကဖ)၊ KSOတပ်ဖွဲ့ နှင့် ဒေါင်းစစ်သည် (LDF)တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ပစ်ခတ်တိုက်ခိုက်ခဲ့သော လက်နက်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-KSO
ပစ်ခတ်တိုက်ခိုက်ခဲ့သော လက်နက်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-KSO

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား မိနစ်၃၀ကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Khin U Special Force Organization- KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၁၈ ရက်) ည ၉ နာရီ မိနစ်၂၀ ခန့်က ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်၏ ဘန်ကာနှင့် ကတုတ်ကျင်းများရှိရာသို့ နှစ်ဆင့်ကွဲ ၁၁လုံးတိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။

တိုက်ခိုက်ချိန် မိနစ် ၄၀ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က (၄၀)မမ၊စက်လက်၊ လက်နက် ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်းရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံကဆိုသည်။

“​​ွေးသေဆုံးမှုကိုတော့ အတည်ပြုမသိရသေးပါဘူး။”ဟု KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား မြို့နယ်(ပကဖ)၊ KSOတပ်ဖွဲ့ နှင့် ဒေါင်းစစ်သည် (LDF)တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

အောက်တိုဘာ ၁၇ ရက်ကလည်း ရွာသစ်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်များသည် ရေဦးမြို့မှထွက်လာသည့် ရိက္ခာတင်ယာဥ်ကို သွားကြိုရာ လမ်း၌ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။