Connect with us

Hi, what are you looking for?

သတင်း

သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်သံဃာတစ်ပါးအဖမ်းခံရ

စစ်အုပ်စုဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်သတ်ပစ်တာ၊ မတရားပုဒ်မတွေတပ် ထောင်ချတာတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်သံဃာတစ်ပါးအဖမ်းခံရ
သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်သံဃာတစ်ပါးအဖမ်းခံရ

သံဃသမဂ္ဂ(မန္တလေး)ရဲ့ ဦးဆောင်သံဃာတစ်ပါး ဖြစ်တဲ့ ဦးကလျာဏ ကို မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်မှာစစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။

ဦးဇင်း ဦးကလျာဏ ဟာ စစ်အုပ်စုရဲ့ ဖမ်းဆီးတာမခံရမီ အချိန်အထိ ကျန်းမာရေး အလွန်ကောင်းမွန်ပြီး ငယ်ဖြူစာချ ရဟန်းငယ်တစ်ပါးဖြစ်တယ်လို့ သံဃသမဂ္ဂ(မန္တလေး) ကထုတ်ပြန်အသိပေးပါတယ်။

ဒါကြောင့် ဖမ်းဆီးခံရချိန်အတွင်း ဦးဇင်း ဦးကလျာဏရဲ့ ကျန်းမာရေးနဲ့အသက်အန္တရာယ် တစုံတရာဖြစ်ပေါ်ခဲ့ရင် အကြမ်းဖက်ဖမ်းဆီးသူတွေ တာဝန်ယူ ၊တာဝန်ခံရမယ်လို့လည်း ထုတ်ပြန်ချက်မှာသတိပေးထားပါတယ်။

မန္တလေးက သပိတ်လှုပ်ရှားမှုတွေမှာ ပါဝင်လေ့ရှိတဲ့ လူငယ်တချို့လည်း အဆက်အသွယ် ပြတ်တောက်နေတယ်လို့ နီးစပ်သူများက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အဆက်အသွယ်ပြတ်နေတဲ့သူတွေရှိပါတယ်၊ ၇ ဦးလောက်ရှိမယ်ဗျ” လို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေမှာ ပါဝင်သူတစ်ဦးကပြောပါတယ်။

လူငယ်အချို့ ဖမ်းဆီးခံထားရတယ်လို့သံသယရှိနေတဲ့အတွက် နီးစပ်သူ တွေလည်းရှောင်တိမ်းနိုင်ကြဖို့ အသိပေးထားပါတယ်။

စစ်အုပ်စုဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်သတ်ပစ်တာ၊ မတရားပုဒ်မတွေတပ် ထောင်ချတာတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ဧည့်စာရင်းသွားတိုင်တဲ့ လူငယ် ၁ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးလိုက်ကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ထောင်တွင်းဖိနှိပ်မှုတွေရှိပေမယ့် မန္တလေးအိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ နယ်ကျော်လှည့်လည်လာတဲ့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၃ ဦးကို နယ်မြေခံ ပသစနဲ့ စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။