Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်သံဃာတစ်ပါးအဖမ်းခံရ

စစ်အုပ်စုဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်သတ်ပစ်တာ၊ မတရားပုဒ်မတွေတပ် ထောင်ချတာတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်သံဃာတစ်ပါးအဖမ်းခံရ
သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်သံဃာတစ်ပါးအဖမ်းခံရ

သံဃသမဂ္ဂ(မန္တလေး)ရဲ့ ဦးဆောင်သံဃာတစ်ပါး ဖြစ်တဲ့ ဦးကလျာဏ ကို မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်မှာစစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။

ဦးဇင်း ဦးကလျာဏ ဟာ စစ်အုပ်စုရဲ့ ဖမ်းဆီးတာမခံရမီ အချိန်အထိ ကျန်းမာရေး အလွန်ကောင်းမွန်ပြီး ငယ်ဖြူစာချ ရဟန်းငယ်တစ်ပါးဖြစ်တယ်လို့ သံဃသမဂ္ဂ(မန္တလေး) ကထုတ်ပြန်အသိပေးပါတယ်။

ဒါကြောင့် ဖမ်းဆီးခံရချိန်အတွင်း ဦးဇင်း ဦးကလျာဏရဲ့ ကျန်းမာရေးနဲ့အသက်အန္တရာယ် တစုံတရာဖြစ်ပေါ်ခဲ့ရင် အကြမ်းဖက်ဖမ်းဆီးသူတွေ တာဝန်ယူ ၊တာဝန်ခံရမယ်လို့လည်း ထုတ်ပြန်ချက်မှာသတိပေးထားပါတယ်။

မန္တလေးက သပိတ်လှုပ်ရှားမှုတွေမှာ ပါဝင်လေ့ရှိတဲ့ လူငယ်တချို့လည်း အဆက်အသွယ် ပြတ်တောက်နေတယ်လို့ နီးစပ်သူများက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အဆက်အသွယ်ပြတ်နေတဲ့သူတွေရှိပါတယ်၊ ၇ ဦးလောက်ရှိမယ်ဗျ” လို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေမှာ ပါဝင်သူတစ်ဦးကပြောပါတယ်။

လူငယ်အချို့ ဖမ်းဆီးခံထားရတယ်လို့သံသယရှိနေတဲ့အတွက် နီးစပ်သူ တွေလည်းရှောင်တိမ်းနိုင်ကြဖို့ အသိပေးထားပါတယ်။

စစ်အုပ်စုဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်သတ်ပစ်တာ၊ မတရားပုဒ်မတွေတပ် ထောင်ချတာတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။