Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် PDF ရဲဘော်လေးဦး စစ်ဆင်ရေးပြင်ဆင်နေစဥ်တိုက်ခိုက်ခံရပြီး ကျဆုံး

အသက်၁၉ နှစ်အရွယ် လူငယ်တစ်ဦးပါဝင်ပြီး ၃၀ အထက်လူရွယ်များလည်း ပါဝင်ကြောင်း၊ ၎င်းလေးဦးအနက် တစ်ဦးမှာ ခင်ဦးဒေသတွင်းအဖွဲ့တစ်ခုမှဖြစ်ပြီး ကျန်သုံးဦးမှာ မြို့ပေါ်၌ လှုပ်ရှားနေသူများဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

(စစ်ဆင်ရေးတစ်ခုတွင်တွေ့ရသည့် ခင်ဦးအခြေစိုက်ဒေသကာကွယ်ရေးရဲဘော်များ၊ ပုံအဟောင်းကို အသုံးပြုထားခြင်းဖြစ်သည်။ ကျဆုံးရဲဘော်များ မဟုတ်ပါ။)
(စစ်ဆင်ရေးတစ်ခုတွင်တွေ့ရသည့် ခင်ဦးအခြေစိုက်ဒေသကာကွယ်ရေးရဲဘော်များ၊ ပုံအဟောင်းကို အသုံးပြုထားခြင်းဖြစ်သည်။ ကျဆုံးရဲဘော်များ မဟုတ်ပါ။)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် စစ်ဆင်ရေးတစ်ခုပြုလုပ်ရန်ပြင်ဆင်နေသည့် PDF ရဲဘော် လေးဦးကို စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများက နှစ်ဖက်ပိတ်ပြီး တိုက်ခိုက်ခဲ့ရာ လေးဦးလုံးကျဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အောက်တိုဘာ၂၉ရက် ညနေ၄နာရီခန့်က စစ်ကောင်စီသတင်းပေး၊ လက်နက်ကိုင် စစ်ထွက်တစ်ဦးသည် ခင်ဦးမြို့အနောက် လွမ်းစေတီအနီးသို့ထွက်လာချိန် ရဲဘော်များက သတင်းရ၍ ဆိုင်ကယ်များဖြင့် သွားရောက်ဖမ်းဆီးရန် ကြိုးစားခဲ့သည်။

အဆိုပါ သတင်းပေးစစ်ပြန်က ခုခံခဲ့ပြီး ဒဏ်ရာများရရှိကာ မြို့ထဲပြန်ဝင်လွတ်မြောက်သွားခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။

၎င်းစစ်ထွက်သည် ရွှေဘိုနှင့် မန္တလေးမြို့သို့ဆေးကုသရန် ကားဖြင့်ထွက်လာချိန် ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ရန် ခင်ဦးမြို့အရှေ့ဘက်သို့ ပွိုင့်သွားခင်း(မိုင်းဆင်)ခဲ့သည်။ အဆိုပါသတင်းကို ခင်ဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် မန်ကျည်းတုံရွာရှိ ပျူစောထီးများက သတင်းရရှိသွားပြီး လာရောက်တိုက်ခိုက်ခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

“မြို့ပေါ်က ​ွေးတွေက ပြည်သူကားတွေနဲ့လိုက်လာပြီးတော့ လိုက်ပစ်တယ်။ ပြန်အဆုတ်ကိုမှ မန်ကျည်းတုံကတက်လာတဲ့ ပျူတွေနဲ့ပက်ပင်းတိုးပြီးတော့ အပစ်ခံရတာ။ နှစ်ဦးကတော့ တောက်လျှောက်အပစ်ခံရပြီးတော့ သေဆုံးသွားတယ်။ နှစ်ယောက်ကတော့ မသေသေးဘဲ ဖမ်းဆီးခံရပြီး လယ်ကွင်းတွေထဲမှာ စစ်ဆေးပြီး ဓားတွေနဲ့မွှန်းပြီး သေနတ်တွေနဲ့ ပစ်သတ်သွားတာ။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

အသက်၁၉ နှစ်အရွယ် လူငယ်တစ်ဦးပါဝင်ပြီး ၃၀ အထက်လူရွယ်များလည်း ပါဝင်ကြောင်း၊ ၎င်းလေးဦးအနက် တစ်ဦးမှာ ခင်ဦးဒေသတွင်းအဖွဲ့တစ်ခုမှဖြစ်ပြီး ကျန်သုံးဦးမှာ မြို့ပေါ်၌ လှုပ်ရှားနေသူများဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

“ရဲဘော်တွေက ကျွန်တော်တို့နဲ့လက်တွဲနေကျ ရဲဘော်တွေပါပဲ။ ရဲဘော်တွေပါသွားတာက ပွိုင့်တူတူးလက်လုပ်သေနတ်လေးတွေနဲ့ မိုင်းလေးတင်ပါတာ။ အဓိက ပြောချင်တာလက်နက်ပါပဲ။ လက်နက်မမျှလို့ခုလိုဖြစ်တာ။ လက်နက်မျှရင် ရဲဘော်တွေက Train(လေ့ကျင့်)ပြီးသားဖြစ်တဲ့အတွက် ခုခံနိုင်မှာပါ။အင်အားမမျှတော့ ပြန်ဆုတ်ရတဲ့အခါမှာ နှစ်ဖက်ပိတ်မိပြီး ဖြစ်သွားတာ။”ဟု ခင်ဦးအခြေစိုက်ဒေသကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင် ရဲဘော်များ၏ ရုပ်အလောင်းများအား ပြန်လည်ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။