Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူ ၆ ဦးကို ဓားနဲ့ ထိုးခဲ့တဲ့ အကြမ်းဖက်သမားကို နယူးဇီလန် ရဲတပ်ဖွဲ့ ပစ်သတ်

အဲဒီအမျိုးသားဟာ ၂၀၁၁ ခုနှစ်တုန်းက နယူးဇီလန်မှာ လာရောက် အခြေချတဲ့ သီရိလင်္ကာ နိုင်ငံသားဟောင်း တစ်ဦးလို့ အားဒန်က ပြောပါတယ်။ တရားခံဟာ အကြမ်းဖက် သံသယရှိသူတွေ စာရင်းမှာ ပါဝင်ပြီး စောင့်ကြည့် ခံနေရတယ်လို့လည်း သိရပါတယ်။

နယူးဇီလန် နိုင်ငံက စူပါမားကက် တစ်ခုမှာ လူ ၆ ဦးကို ဓားနဲ့ ထိုးခဲ့တဲ့ အကြမ်းဖက် ဝါဒီတစ်ဦးကို ရဲတွေက ပစ်သတ်ခဲ့ရပါတယ်။

စက်တင်ဘာ ၃ ရက်က အော့က္ကလန်မြို့မှာရှိတဲ့ စူပါမားကက် တစ်ခုမှာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။ ပြစ်မှု ကျူးလွန်သူဟာ အိုင်အက်စ် အကြမ်းဖက် အဖွဲ့ရဲ့ ဝါဒ လွှမ်းမိုးမှုတွေ ရှိနေပြီး ရဲတွေက မလွှဲမရှောင်သာ ပစ်သတ်ခဲ့ရတယ်လို့ နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အားဒန်က ကြေညာပါတယ်။

အဲဒီအမျိုးသားဟာ ၂၀၁၁ ခုနှစ်တုန်းက နယူးဇီလန်မှာ လာရောက် အခြေချတဲ့ သီရိလင်္ကာ နိုင်ငံသားဟောင်း တစ်ဦးလို့ အားဒန်က ပြောပါတယ်။ တရားခံဟာ အကြမ်းဖက် သံသယရှိသူတွေ စာရင်းမှာ ပါဝင်ပြီး စောင့်ကြည့် ခံနေရတယ်လို့လည်း သိရပါတယ်။

အခင်းဖြစ်တဲ့နေ့က တရားခံဟာ စူပါမားကက်ရဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေ ရောင်းချရာ နေရာက ဓားတစ်ချောင်းကို ယူပြီး တွေ့သမျှလူကို လိုက်ထိုးခဲ့တာပါ။ ဒဏ်ရာရသူ ၆ ဦးထဲမှာ ၃ ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့လည်း အားဒန်က အတည်ပြုသွားပါတယ်။

Public Service Announcement

Public Service Announcement

အခု ဖြစ်ပျက်သွားတာဟာ အမုန်းတရားကို အခြေခံတဲ့ အကြမ်းဖက် လုပ်ရပ်ဖြစ်ကြောင်း၊ အရမ်းကို မှားယွင်းတဲ့ ကိစ္စဖြစ်ကြောင်း အားဒန်က ဆိုပါတယ်။ ဒီလုပ်ရပ်မျိုးဟာ ဘာသာတရားနဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို ကိုယ်စား မပြုဘူးလို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

နယူးဇီလန်ဟာ ပုံမှန်ဆိုရင် အေးချမ်းပြီး မှုခင်းနည်းပါးတဲ့ နိုင်ငံမျိုး ဖြစ်ပေမယ့် ၂၀၁၉ ခုနှစ်တုန်းကတော့ လူဖြူ အစွန်းရောက် ဝါဒီတစ်ဦးက ခရစ္စချတ်ချ်မြို့မှာရှိတဲ့ ဗလီနှစ်လုံးကို ဝင်ရောက် ပစ်ခတ်မှုကြောင့် မွတ်ဆလင် ၅၁ ဦး သေဆုံးတဲ့ အကြမ်းဖက်မှုကြီးနဲ့ ကြုံတွေ့ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဧရာမ လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့တာကြောင့် နယူးဇီလန်ရဲ့ မြို့တော်မှာ ဒေသခံတွေ ရာနဲ့ချီပြီး အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရေနေ သတ္တဝါ တစ်ကောင်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် နယူးဇီလန်မှာ ကျင်းပနေတဲ့ ရေလွှာလျှောစီး ပြိုင်ပွဲ ဗိုလ်လုပွဲနေ့ အစီအစဉ်တွေကို ယာယီ ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

နယူးဇီလန်နိုင်ငံ အောက်ကလန်မြို့မှာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့အတွက် "Proof of life" ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒပြတောင်းဆိုမှုကို ဒီကနေ့ (မေလ ၉ ရက်)က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။