Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လူ ၆ ဦးကို ဓားနဲ့ ထိုးခဲ့တဲ့ အကြမ်းဖက်သမားကို နယူးဇီလန် ရဲတပ်ဖွဲ့ ပစ်သတ်

အဲဒီအမျိုးသားဟာ ၂၀၁၁ ခုနှစ်တုန်းက နယူးဇီလန်မှာ လာရောက် အခြေချတဲ့ သီရိလင်္ကာ နိုင်ငံသားဟောင်း တစ်ဦးလို့ အားဒန်က ပြောပါတယ်။ တရားခံဟာ အကြမ်းဖက် သံသယရှိသူတွေ စာရင်းမှာ ပါဝင်ပြီး စောင့်ကြည့် ခံနေရတယ်လို့လည်း သိရပါတယ်။

နယူးဇီလန် နိုင်ငံက စူပါမားကက် တစ်ခုမှာ လူ ၆ ဦးကို ဓားနဲ့ ထိုးခဲ့တဲ့ အကြမ်းဖက် ဝါဒီတစ်ဦးကို ရဲတွေက ပစ်သတ်ခဲ့ရပါတယ်။

စက်တင်ဘာ ၃ ရက်က အော့က္ကလန်မြို့မှာရှိတဲ့ စူပါမားကက် တစ်ခုမှာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။ ပြစ်မှု ကျူးလွန်သူဟာ အိုင်အက်စ် အကြမ်းဖက် အဖွဲ့ရဲ့ ဝါဒ လွှမ်းမိုးမှုတွေ ရှိနေပြီး ရဲတွေက မလွှဲမရှောင်သာ ပစ်သတ်ခဲ့ရတယ်လို့ နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အားဒန်က ကြေညာပါတယ်။

အဲဒီအမျိုးသားဟာ ၂၀၁၁ ခုနှစ်တုန်းက နယူးဇီလန်မှာ လာရောက် အခြေချတဲ့ သီရိလင်္ကာ နိုင်ငံသားဟောင်း တစ်ဦးလို့ အားဒန်က ပြောပါတယ်။ တရားခံဟာ အကြမ်းဖက် သံသယရှိသူတွေ စာရင်းမှာ ပါဝင်ပြီး စောင့်ကြည့် ခံနေရတယ်လို့လည်း သိရပါတယ်။

အခင်းဖြစ်တဲ့နေ့က တရားခံဟာ စူပါမားကက်ရဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေ ရောင်းချရာ နေရာက ဓားတစ်ချောင်းကို ယူပြီး တွေ့သမျှလူကို လိုက်ထိုးခဲ့တာပါ။ ဒဏ်ရာရသူ ၆ ဦးထဲမှာ ၃ ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့လည်း အားဒန်က အတည်ပြုသွားပါတယ်။

Public Service Announcement

Public Service Announcement

အခု ဖြစ်ပျက်သွားတာဟာ အမုန်းတရားကို အခြေခံတဲ့ အကြမ်းဖက် လုပ်ရပ်ဖြစ်ကြောင်း၊ အရမ်းကို မှားယွင်းတဲ့ ကိစ္စဖြစ်ကြောင်း အားဒန်က ဆိုပါတယ်။ ဒီလုပ်ရပ်မျိုးဟာ ဘာသာတရားနဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို ကိုယ်စား မပြုဘူးလို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

နယူးဇီလန်ဟာ ပုံမှန်ဆိုရင် အေးချမ်းပြီး မှုခင်းနည်းပါးတဲ့ နိုင်ငံမျိုး ဖြစ်ပေမယ့် ၂၀၁၉ ခုနှစ်တုန်းကတော့ လူဖြူ အစွန်းရောက် ဝါဒီတစ်ဦးက ခရစ္စချတ်ချ်မြို့မှာရှိတဲ့ ဗလီနှစ်လုံးကို ဝင်ရောက် ပစ်ခတ်မှုကြောင့် မွတ်ဆလင် ၅၁ ဦး သေဆုံးတဲ့ အကြမ်းဖက်မှုကြီးနဲ့ ကြုံတွေ့ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

ဘုရားသုံးဆူမြို့ရှိ အလှပြင်ဆိုင်တစ်ခုအတွင်း ရောက်ရှိနေသော စစ်ကောင်စီလက်အောက်ခံ ခလရ(၉၇)တပ် ဒုတပ်ရင်းမှူး အေးချမ်းအား နဂါးနီးစစ်ကြောင်းကပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။

သတင်း

ပျူစောထီးခေါင်းဆောင်ဝင်းနိုင်ဆိုသူ၏ ဆရာနှင့်တပည့်များ၊ ပျူစောထီးစာရင်းများကိုလည်းရရှိထားပြီးဖြစ်ရာ အချိန်မီပြည်သူ့လူထုနှင့် ပူးပေါင်းကြရန် တော်လှန်တပ်ဖွဲ့များက တိုက်တွန်းထားကာ ဆက်လက်လုပ်ဆောင်နေပါက ပြတ်ပြတ်သားသားအရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား ပစ်ခတ်အရေးယူလျှက်ရှိရာ အောက်တိုဘာ ၂၉ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအုပ်စုမှ ပျူစောထီးအဖွဲ့ဝင် ကျော်သူနှင့် အတူးဆိုသူနှစ်ဦးကို ဘော်ဘင်ဆည်အနီး၌ ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။