Connect with us

Hi, what are you looking for?

သတင်း

ဆေးကောင်စီအပါအဝင် ဆေးနှင့်‌ဆေးနှီးနွယ်ဆိုင်ရာကောင်စီများအား ဖျက်သိမ်းပြီးဖြစ်၍ ၎င်းတို့လုပ်ဆောင်ချက် တရားမဝင်ဟု NUG ထုတ်ပြန်

ထို့ကြောင့် မြန်မာနိုင်ငံဆေးကောင်စီအပါအဝင် ဆေးနှင့် ဆေးနှီးနွယ်ဆိုင်ရာကောင်စီများနှင့် ဆက်သွယ်ရမည့် လုပ်ငန်းဆောင်တာများကို ဖက်ဒရယ်ကျန်းမာရေးပညာရှင်များ ကောင်စီ (FHPC)နှင့်သာ ဆက်သွယ်ဆောင်ရွက်ရမည်ဟု အတိအလင်းကြေညာထားသည်။

ဆေးကောင်စီအပါအဝင် ဆေးနှင့်‌ဆေးနှီးနွယ်ဆိုင်ရာကောင်စီများအား ဖျက်သိမ်းပြီးဖြစ်၍ ၎င်းတို့လုပ်ဆောင်ချက် တရားမဝင်ဟု NUG ထုတ်ပြန်

မြန်မာနိုင်ငံဆေးကောင်စီအပါအဝင် ဆေးနှင့်‌ဆေးနှီးနွယ်ဆိုင်ရာကောင်စီများအား ဖျက်သိမ်းပြီးဖြစ်၍ ကောင်စီဝင်များ၏လုပ်ဆောင်ချက်များမှာ တရားမဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန် ကြေညာလိုက်သည်။

ဖျက်သိမ်းလိုက်သည့် ဆေးနှီးနွှယ်ကောင်စီများတွင် မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံ သွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီ၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးနှင့် ပြည်သူ့ကျန်း မာရေးကြီးကြပ်ကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီနှင့် မြန်မာနိုင်ငံ ကြက်ခြေနီကောင်စီတို့ပါဝင်ပြီး ယမန်နေ့ (အောက်တိုဘာ ၃၁ ရက်) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။

“ဆေးနှင့်ဆေးနှီးနွှယ်ဆိုင်ရာကောင်စီများသည် ဆရာဝန်များအပါအဝင် ကျန်းမာရေး လုပ်သားများနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် အကြမ်းဖက်ဖိနှိပ်နေသည့် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်များအဖြစ် ပြောင်ပြောင် တင်းတင်း ရပ်တည်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်”ဟု NUG က ထောက်ပြသည်။

အဆိုပါ ဆေးနှီးနွှယ်ကောင်စီများသည်။ အရည်အသွေး ပြည့်ဝ၍ ထိရောက်မှုနှင့် လုံခြုံမှုရှိသော ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအား လုံး ခံစားခွင့်ရရှိစေရန်၊ ဆရာဝန်များအပါအဝင် ကျန်းမာ ရေးလုပ်သားများ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်နိုင်စေရန်၊ ကောင်းမွန်သော ဆေးကုသမှု ပတ်ဝန်းကျင် ဖြစ်ထွန်း စေရန် တာဝန်ယူဆောင်ရွက်ပေးရမည့် အဖွဲ့အစည်းများ ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

သို့သော် မြန်မာနိုင်ငံ ဆေးကောင်စီအပါအဝင် ဆေးနှင့်ဆေးနှီးနွယ်ဆိုင်ရာ ကောင်စီများသည် ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးလုပ်သားများကို ဖိနှိပ်၊ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ရေငုံနှုတ်ပိတ်နေရုံ သာမက ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေး လုပ် သားများအပေါ် စစ်ကောင်စီနှင့် အလိုတူအလိုပါ ဖိနှိပ်ဆောင် ရွက်နေမှုများစွာကို အထောက် အထား ခိုင်လုံစွာ သိရှိရသည်ဟု ထောက်ပြသည်။

ထို့ကြောင့် ဆေးနှင့်ဆေးနှီးနွှယ်ဆိုင်ရာ ကောင်စီများကို တာဝန်ယူထိန်းကြောင်းဆောင်ရွက်နေသော နာယကများ၊ ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ၊ သက်ဆိုင်ရာ ဆက်စပ်ကော်မတီဝင်များအားလုံး၏ လက်ရှိသက်တမ်းကို ဖျက်သိမ်းပြီး တာဝန်မှ ရပ်ဆိုင်းကြောင်း NUG က ကြေညာထား သည်။

အလားတူ တာဝန်မှရပ်ဆိုင်းခံရသူအားလုံး၏ လုပ်ငန်းဆောင်ရွက်မှုများအားလုံးကို ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ တရားမဝင်ကြောင်း သတ်မှတ်လိုက်သည်ဟုလည်း တဆက်တည်းဖော်ပြသည်။

“ဆေးနှင့်ဆေးနှီးနွှယ်ဆိုင်ရာကောင်စီများသည် ဆရာဝန်များအပါအဝင် ကျန်းမာရေး လုပ်သားများနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် အကြမ်းဖက်ဖိနှိပ်နေသည့် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်များအဖြစ် ပြောင်ပြောင်တင်းတင်း ရပ် တည်ဆောင်ရွက်နေတာကိုလဲ သိတယ်ရှင်။ ပြီးတော့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် ရေငုံနှုတ်ပိတ်နေရုံ သာမက ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနဲ့ ကျန်းမာရေး လုပ်သားတွေအပေါ် အကြမ်းဖက်စစ်ကောင်စီနှင့် အလိုတူအလိုပါ ဖိနှိပ်ဆောင် ရွက်နေမှုများစွာကိုလည်း အထောက် အထား နဲ့ သိနေရတယ်။ ဒါကိုမှ ဆက်လက်သည်းခံနေစရာ ဘာအ ကြောင်းမှ မရှိဘူး”ဟု CDM ဝန်ထမ်းလည်းဖြစ် NUG ကျန်းမာရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူတစ်ဦးက မှတ်ချက်ပေးသည်။

NUG အစိုးရအနေဖြင့် ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (Federal Health Professional Council – FHPC)ကို တော်လှန်ရေး ကာလဖြစ်သည့် ကြားကာလနှင့် အသွင်ကူး‌ပြောင်းရေးကာလတွင် ကျန်းမာရေးပညာရှင် လုပ်သား အင်အားစုများအား လုံး၏ အကျိုးစီးပွားကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဖော်ဆောင်ပေးရန် တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့အစည်းများ၊ ဆေးပညာရှင်များ၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားပြုသူများဖြင့် ၂၀၂၁ ဒီဇင်ဘာ ၁၂ ရက်တွင် ဖွဲ့စည်းခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံဆေးကောင်စီအပါအဝင် ဆေးနှင့် ဆေးနှီးနွယ်ဆိုင်ရာကောင်စီများနှင့် ဆက်သွယ်ရမည့် လုပ်ငန်းဆောင်တာများကို ဖက်ဒရယ်ကျန်းမာရေးပညာရှင်များ ကောင်စီ (FHPC)နှင့်သာ ဆက်သွယ်ဆောင်ရွက်ရမည်ဟု အတိအလင်းကြေညာထားသည်။

အလားတူ မြန်မာနိုင်ငံ ဆေးကောင်စီအပါအဝင် ဆေးနှင့်ဆေးနှီးနွှယ်ဆိုင်ရာ ကောင်စီများ၏ သက်တမ်း အသစ် ဖွဲ့စည်းခြင်းများအားလုံးကို နိုင်ငံတော်သမ္မတရုံးက နောက်ထပ်အမိန့်တစ်စုံတစ်ရာ ထပ်မံထုတ်ပြန်သည်အထိ ရပ်ဆိုင်းထားရမည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ