Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲ အရှုံးကို လုံးဝ ဝန်မခံသေးတဲ့ ဘရာဇီး သမ္မတ ဘော်လ်ဆိုနာရို

သူ့ကို ထောက်ခံ မဲပေးကြတဲ့ ပြည်သူ တစ်ဦးချင်းစီကို ကျေးဇူးတင်ကြောင်းနဲ့ ဘရာဇီး နိုင်ငံသား တစ်ဦးဖြစ်တဲ့အတွက် ဘရာဇီး နိုင်ငံရဲ့ အခြေခံ ဥပဒေ သတ်မှတ်ချက်တွေကို လေးစား လိုက်နာမှာဖြစ်ကြောင်း ဘော်လ်ဆိုနာရိုက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲ အရှုံးကို လုံးဝ ဝန်မခံသေးတဲ့ ဘရာဇီး သမ္မတ ဘော်လ်ဆိုနာရို
ရွေးကောက်ပွဲ အရှုံးကို လုံးဝ ဝန်မခံသေးတဲ့ ဘရာဇီး သမ္မတ ဘော်လ်ဆိုနာရို

အာဏာလွှဲပြောင်းပေးဖို့ ဆောင်ရွက်တော့မှာဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပေမယ့် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့ကြောင်း အသိအမှတ်ပြုဖို့ ဘရာဇီး သမ္မတ ဂျဲရ် ဘော်လ်ဆိုနာရိုက ရှောင်လွှဲသွားခဲ့ပါတယ်။

ခါးသီးပြိုင်ဘက် သမ္မတဟောင်း လူးဝစ်ဇ် အင်နာစီယို လူလာ ဒါဆေးလ်ဗားကို အရေးနိမ့်ခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာပြီး ၂ ရက်နီးပါး အကြာကျမှ ဘော်လ်ဆိုနာရိုဟာ ဒီကိစ္စနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် လူသိရှင်ကြား မှတ်ချက် ပေးလာတာ ဖြစ်ပါတယ်။

သူ့ကို ထောက်ခံ မဲပေးကြတဲ့ ပြည်သူ တစ်ဦးချင်းစီကို ကျေးဇူးတင်ကြောင်းနဲ့ ဘရာဇီး နိုင်ငံသား တစ်ဦးဖြစ်တဲ့အတွက် ဘရာဇီး နိုင်ငံရဲ့ အခြေခံ ဥပဒေ သတ်မှတ်ချက်တွေကို လေးစား လိုက်နာမှာဖြစ်ကြောင်း ဘော်လ်ဆိုနာရိုက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒါဟာ သူ့အနေနဲ့ လူလာကို အာဏာလွှဲပေးမယ့် အဓိပ္ပါယ်လို့ သတ်မှတ်နိုင်ပေမယ့် ဘော်လ်ဆိုနာရိုရဲ့ ပါးစပ်ကတော့ ရှုံးနိမ့်မှုကို လုံးဝ ထုတ်ပြီး ဝန်ခံမသွားခဲ့ပါဘူး။ ပြီးတော့သူဟာ လူလာရဲ့ နာမည်ကိုလည်း လုံးဝ မပြောဆိုမိအောင် သတိကြီးကြီးနဲ့ ရှောင်ရှားသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြိုင်ဘက်တွေထက် မဲအပြတ်အသတ် သာလွန်ခဲ့တဲ့ ဘော်လ်ဆိုနာရိုနဲ့ လူလာတို့ဟာ နှစ်ဦးတည်း ဒုတိယအဆင့် ရွေးကောက်ပွဲကို ယှဉ်ပြိုင်ခဲ့ရာမှာ လူလာက မဲအရေအတွက် ၅၀.၀ ရာခိုင်နှုန်းနဲ့ အနိုင်ရပြီး ဘော်လ်ဆိုနာရိုက ၄၉.၁ ရာခိုင်နှုန်းနဲ့ ကပ်အရေးနိမ့်ခဲ့ပါတယ်။ လက်ယာစွန်း နိုင်ငံရေးဝါဒီ ဘော်လ်ဆိုနာရိုကို မျက်မုန်းကျိုးနေဟန်ရှိတဲ့ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင် တော်တော်များများကလည်း အချိန်မဆိုင်းဘဲ လူလာကို ဝိုင်းဝန်းဂုဏ်ပြု ချီးကျူးခဲ့ကြတာ တွေ့ရပါတယ်။

ဘော်လ်ဆိုနာရိုကို အမာခံ ထောက်ခံသူ တချို့ကတော့ ရွေးကောက်ပွဲ ရလဒ်ဟာ မသမာဘူးလို့ စွပ်စွဲပြီး လမ်းတွေကို ပိတ်ဆို့တာမျိုး လုပ်ရပ်တွေနဲ့ ဆန္ဒပြနေပါတယ်။ အသက် ၆၇ နှစ်အရွယ် ဘော်လ်ဆိုနာရိုက ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေအပေါ် အယုံအကြည် မရှိတဲ့ ပြည်သူတွေက သူတို့ရဲ့ သဘောထား အမြင်ကို ဆုပ်ကိုင်ပြီး ဆန္ဒပြနေတာတွေကို အမြဲတမ်း ကြိုဆိုကြောင်း ပြောပါတယ်။

အတိတ်တုန်းက ဘော်လ်ဆိုနာရိုဟာ သူ့ကို သမ္မတ ရာထူးက ဖယ်ရှားဖို့ဆိုရင် ဘုရားသခင် တစ်ပါးတည်းကသာ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ ဘရာဇီး သမ္မတအဖြစ် သက်တမ်း ၂ ကြိမ်ဆက် ၇ နှစ်ကြာ တာဝန်ယူခဲ့ဖူးသူ လူလာဟာ လာမယ့်နှစ်၊ ဇန်နဝါရီ ၁ ရက်မှာ ဘော်လ်ဆိုနာရိုရဲ့ အရိုက်အရာကို လွှဲပြောင်း ဆက်ခံသွားမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ဘရာဇီးဟာ အာရှ အသင်းကောင်း ဂျပန်ကို ကျော်ဖြတ်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ဘောလုံး အဆင့်အတန်း သိသိသာသာ တိုးတက်လာပြီး အခုနှစ် ပြိုင်ပွဲမှာ ဖျက်မြင်း အသင်းတစ်သင်းအဖြစ် သတ်မှတ် ခံထားရတဲ့ ဂျပန်ဟာ...

နိုင်ငံတကာ

ဘရာဇီးနဲ့ ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမယ့် အခြေအနေထိကြိုတင်တွေးတော ပြင်ဆင်ထားကြောင်းဂျပန်လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြက ပြောပါတယ်။

နိုင်ငံတကာ

ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် ဆာဘီးယား သမ္မတ အလက်ဇန္ဒား ဗူဆစ်က ရာထူးက နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။