Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အတုအယောင်တန်ဆောင်တိုင် ပွဲတော်များအား ပါဝင်ခြင်းမပြုဘဲ တော်လှန်ရေး သွေးမအေးကြောင်းပြသပေးရန် စစ်ကိုင်းတိုင်း တော်လှန်ရေးအင်အားစုများ မေတ္တာရပ်ခံ

စစ်ကောင်စီက ကျင်းပမည့် အတုအယောင် တန်ဆောင်တိုင်ပွဲများနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းအတွင်းရှိ လက်နက်ကိုင်တော်လှန်နေသည့် တော်လှန်ရေးအင်အားစုအဖွဲ့ (၁၃)ဖွဲ့ကိုယ်စား Myaung Union Army က ယနေ့ (နိုဝင်ဘာ၂ ရက်) တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

လာမည့်တန်ဆောင်တိုင်ကာလတွင် စစ်ကောင်စီပြုလုပ်မည့် အတုအယောင်တန်ဆောင်တိုင် ပျော်ပွဲ၊ ရွှင်ပွဲများတွင် ပါဝင်ခြင်းမပြုဘဲ တော်လှန်ရေးတွင် သွေးမအေးကြောင်း ပြသပေးရန်ပြည်သူများအား စစ်ကိုင်းတိုင်းအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ (၁၃)ဖွဲ့က မေတ္တာရပ်ခံသည်။

စစ်ကောင်စီက ကျင်းပမည့် အတုအယောင် တန်ဆောင်တိုင်ပွဲများနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းအတွင်းရှိ လက်နက်ကိုင်တော်လှန်နေသည့် တော်လှန်ရေးအင်အားစုအဖွဲ့ (၁၃)ဖွဲ့ကိုယ်စား Myaung Union Army က ယနေ့ (နိုဝင်ဘာ၂ ရက်) တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ အတုအယောင်တန်ဆောင်တိုင် ပွဲတော်များအား ပါဝင်ခြင်းမပြုဘဲ တော်လှန်ရေး သွေးမအေးကြောင်းပြသပေးရန် စစ်ကိုင်းတိုင်း တော်လှန်ရေးအင်အားစုများ မေတ္တာရပ်ခံ
စစ်ကောင်စီ၏ အတုအယောင်တန်ဆောင်တိုင် ပွဲတော်များအား ပါဝင်ခြင်းမပြုဘဲ တော်လှန်ရေး သွေးမအေးကြောင်းပြသပေးရန် စစ်ကိုင်းတိုင်း တော်လှန်ရေးအင်အားစုများ မေတ္တာရပ်ခံ

အဆိုပါ ကြေညာချက်တွင် စစ်ကောင်စီက ပြည်သူ့အာဏာကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်လုယူပြီး ပြည်သူလူထုအား သတ်ဖြတ်နေသည်ကို ပြည်သူများ နေ့စဥ်တွေ့ကြုံနေရကြောင်း၊ ထိုသို့ အကြမ်းဖက်ပုံရိပ်များအား ဖုံးဖိရန်အတွက် Non CDM ဝန်ထမ်းများနှင့်ပူးပေါင်းပြီး အယောင်ဆောင် ပျော်ပွဲ၊ရွှင်ပွဲအဖြစ် ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲကို ကျင်းပရန် စီစဥ်နေကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် နိုဝင်ဘာ ၄ ရက်မှ ၈ ရက်အထိ ၅ ရက် တိုင်ကျင်းပကြမည့် စစ်ကောင်စီ၏ အတုအယာင်တန်ဆောင်တိုင်ပွဲများအား ပြည်သူများသွားရောက်လည်ပတ်ခြင်း၊ မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခြင်း၊ စျေးဆိုင်ခန်းများ အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချခြင်း၊ စီးပွားရေးကြော်ငြာများ အခပေးကာ သွားရောက်ထည့်သွင်းခြင်း၊ စီးပွားရေးလုပ်ကွက်များအား လေလံဆွဲလုပ်ကိုင်ခြင်းများ လုံးဝ မပြုလုပ်ကြရန်နှင့် စစိကောင်စီ၏ ပျော်ပွဲရွှင်ပွဲများတွင် မပါဝင်ခြင်းဖြင့် တော်လှန်ရေးတွင် သွေးမအေးကြောင်း ပြသပြီး လက်နက်ကိုင် တော်လှန်နေသည့် တော်လှန်ရေးတပ်သားများနှင့်အတူ ရပ်တည်ပေးကြရန် အထူးမေတ္တာရပ်ခံကြောင်း Myaung Union Army က ရေးသားထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ အတုအယောင်တန်ဆောင်တိုင် ပွဲတော်များအား ပါဝင်ခြင်းမပြုဘဲ တော်လှန်ရေး သွေးမအေးကြောင်းပြသပေးရန် စစ်ကိုင်းတိုင်း တော်လှန်ရေးအင်အားစုများ မေတ္တာရပ်ခံ
စစ်ကောင်စီ၏ အတုအယောင်တန်ဆောင်တိုင် ပွဲတော်များအား ပါဝင်ခြင်းမပြုဘဲ တော်လှန်ရေး သွေးမအေးကြောင်းပြသပေးရန် စစ်ကိုင်းတိုင်း တော်လှန်ရေးအင်အားစုများ မေတ္တာရပ်ခံ

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Myaung Union Army တာဝန်ခံက “အဓိကက ပြည်သူတွေအတွက်ပါ။ လူအများစုဝေးခြင်းနောက်ဆက်တွဲအနေနဲ့ အသက် အန္တရာယ်တွေဖြစ်နိုင်တယ်။ ခုရက်ပိုင်းအတွင်းမှာပဲ ဖြစ်နေတဲ့နေရာတွေလည်းရှိတယ်။ စကစပွဲမှာ အဲ့လို လူအရမ်းစည်ကားသွားလို့ လူသေကြတာမျိုးဆို ပြည်သူတွေအသက်ဘေးစိုးရိမ်တယ်။ မိမိကိုယ်တိုင်လည်းမသွားဖို့ ဒီလို လူစုဝေးဖို့လုပ်နေတဲ့အရာတွကိုလည်းအားပေးအားမြှောက်မလုပ်စေချင်ဘူး။ အသက်တွေကစျေးကြီးတယ်လေဗျာနော်။ ထုတ်ပြန်ချက်တိုင်းကပြည်သူ့အတွက်ဦးစားပေးခြင်းသာဖြစ်ပါတယ်။ ပြည်သူတွေညီကြောင်းပြသစေလိုပါတယ်။”ဟု ပြောသည်။

စစ်ကောင်စီသည် ပြင်ဦးလွင်၊ လားရှိုး၊ ပဲခူး အစရှိသည့်မြို့များ၌ တန်ဆောင်တိုင်အတုအယောင် ပျော်ပွဲ၊ရွှင်ပွဲများအား ပြုလုပ်ရန် စီစဥ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

Facebook