Connect with us

Hi, what are you looking for?

News

ဦးတေဇနဲ့ထူးအုပ်စုကို ဗြိတိန်ကထပ်တိုးဒဏ်ခတ်အရေးယူမှုကို ကြိုဆိုတယ်လို့ အမေရိကန်ပြော

အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို အမေရိကန်နဲ့ ဗြိတိန်တို့က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားပြီး စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဝင်ငွေရတဲ့လုပ် ငန်းတွေကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားပါတယ်။

စစ်အာဏာရှင်ကို ဘဏ္ဍာရေးအရရော၊ လက်နက်တွေပါ ပံ့ပိုးပေးတဲ့ ဦးတေဇနဲ့ သူ့ရဲ့လုပ်ငန်းစုတွေအပေါ် ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူတာကို ကြိုဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောဆိုလိုက်ပါတယ်။

“မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက်အကြမ်း ဖက်မှုတွေ ပြုလုပ်နိုင်အောင် အထောက်အကူဖြစ်စေဖို့အတွက် ဘဏ္ဍာရေးအရရော လက်နက်တွေပါ စစ်အာဏာရှင်ကို ပံ့ပိုးပေးတဲ့တေဇနဲ့ သူ့ရဲ့လုပ်ငန်းစုတွေအပေါ် ယူကေက ဒဏ်ခတ်ပိတ်ဆို့အရေးယူတဲ့အကြောင်း ယူကေနိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရဲဘ် ရဲ့ ကြေညာချက်ကို ကျွန်တော်ကြိုဆိုပါတယ်”လို့ နိုင်ငံခြားရေးဝန်ကြီးဘလင်ကင်က တွစ်တာမှာ ရေးသားထားတာပါ။

အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို အမေရိကန်နဲ့ ဗြိတိန်တို့က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားပြီး စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဝင်ငွေရတဲ့လုပ် ငန်းတွေကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားပါတယ်။

ဗြိတိန်ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဒဏ်ခတ်အရေးယူတဲ့ထပ်တိုးစာရင်းကို မနေ့က ထုတ် ပြန်ကြေညာခဲ့ရာမှာ အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်တယ်လို့ လူသိများတဲ့ ဦးတေဇနဲ့ သူ့ရဲ့ထူးအုပ်စုကုမ္ပဏီတို့ကို ထည့်သွင်းကြောင်း ကြေညာခဲ့တာပါ။

Public Service Announcement

Public Service Announcement

ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုနဲ့ အာဏာသိမ်းမှုတွေကြောင့် ဗြိတိန်ရဲ့ ဒဏ်ခတ်အရေးယူခံထားရတဲ့စာရင်းမှာ အကြမ်းဖက်မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကစလို့ သူ့ရဲ့ နောက်လိုက်တွေအပါအဝင် ၂၄ ဦး၊ မြန်မာ့ကျောက်မျက်လုပ်ငန်း၊ မြန်မာ့ပုလဲလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းနဲ့ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ(SAC)တို့ ပါဝင်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ ကာကွယ်ရေး ကဏ္ဍအတွက် ဝေဟင်ဆီဖြည့် အထောက်အပံ့မျိုး ကူညီပေးသွားမယ်လို့ ဗြိတိန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

Facebook