Connect with us

Hi, what are you looking for?

News

စစ်တပ်စီးပွားရေးမိတ်ဖက်အားလုံးကို ချက်ချင်းအရေးယူဒဏ်ခတ်ဖို့ Justice for Myanmar တိုက်တွန်း

စက်တင်ဘာ ၂ ရက်မှာ ဗြိတိန်က စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီး ဦးတေဇနဲ့ သူ့ရဲ့ ခရိုနီစီပွားရေးလုပ်ငန်းစု ထူးအုပ်စုအပေါ် အရေးယူ ဒဏ်ခတ်တာကို ကြိုဆိုတယ်လို့ Justice for Myanmar က ထုတ်ပြန်ပါတယ်။

People's Spring
People's Spring

အကြမ်းဖက်စစ်တပ်ရဲ့ စီးပွားရေးမိတ်ဖက်အားလုံးကို ချက်ချင်းအရေးယူဒဏ်ခတ်မှုပြုလုပ်ဖို့ Justice for Myanmarအဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် ဗြိတိန်နဲ့ ဥရောပသမဂ္ဂအပါအဝင် အနောက် နိုင်ငံအချို့က အာဏာသိမ်းစစ်တပ်ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ပတ်သက်ဆက်နွယ်တဲ့စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူနေ ချိန်မှာ အကြမ်းဖက်စစ်တပ် ထိန်းချုပ်မှုအောက်က စီးပွားရေးလုပ်ငန်းပေါင်း ၁၃၀ ကျော်ကို အရေးယူဒဏ်ခတ်ဖို့ Justice for Myanmar က တောင်းဆိုတာဖြစ်ပါတယ်။

စက်တင်ဘာ ၂ ရက်မှာ ဗြိတိန်က စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီး ဦးတေဇနဲ့ သူ့ရဲ့ ခရိုနီစီပွားရေးလုပ်ငန်းစု ထူးအုပ်စုအပေါ် အရေးယူ ဒဏ်ခတ်တာကို ကြိုဆိုတယ်လို့ Justice for Myanmar က ထုတ်ပြန်ပါတယ်။

ဦးတေဇဟာ စစ်ကောင်စီရဲ့ အဓိကစီးပွားရေး လုပ်ဖော် ကိုင်ဖက်တစ်ဦးဖြစ်ပြီး ပြစ်ဒဏ်ချမှတ်အရေးယူခံရခြင်း အလုံးစုံ ကင်းလွတ်စွာဖြင့် ပြည်သူ ၁,၀၄၀ ကျော်ကို သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုများကို ကျူးလွန်ခြင်းတို့ လုပ်ဆောင်နိုင်ဖို့ စစ်ကောင်စီကို စီပွားရေးလုပ်ငန်းအခွန်ငွေတွေနဲ့ စစ်လက်နက်တွေ ထောက်ပံ့ပေးနေတယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။