အကြမ်းဖက်စစ်တပ်ရဲ့ စီးပွားရေးမိတ်ဖက်အားလုံးကို ချက်ချင်းအရေးယူဒဏ်ခတ်မှုပြုလုပ်ဖို့ Justice for Myanmarအဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် ဗြိတိန်နဲ့ ဥရောပသမဂ္ဂအပါအဝင် အနောက် နိုင်ငံအချို့က အာဏာသိမ်းစစ်တပ်ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ပတ်သက်ဆက်နွယ်တဲ့စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူနေ ချိန်မှာ အကြမ်းဖက်စစ်တပ် ထိန်းချုပ်မှုအောက်က စီးပွားရေးလုပ်ငန်းပေါင်း ၁၃၀ ကျော်ကို အရေးယူဒဏ်ခတ်ဖို့ Justice for Myanmar က တောင်းဆိုတာဖြစ်ပါတယ်။
စက်တင်ဘာ ၂ ရက်မှာ ဗြိတိန်က စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီး ဦးတေဇနဲ့ သူ့ရဲ့ ခရိုနီစီပွားရေးလုပ်ငန်းစု ထူးအုပ်စုအပေါ် အရေးယူ ဒဏ်ခတ်တာကို ကြိုဆိုတယ်လို့ Justice for Myanmar က ထုတ်ပြန်ပါတယ်။
ဦးတေဇဟာ စစ်ကောင်စီရဲ့ အဓိကစီးပွားရေး လုပ်ဖော် ကိုင်ဖက်တစ်ဦးဖြစ်ပြီး ပြစ်ဒဏ်ချမှတ်အရေးယူခံရခြင်း အလုံးစုံ ကင်းလွတ်စွာဖြင့် ပြည်သူ ၁,၀၄၀ ကျော်ကို သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုများကို ကျူးလွန်ခြင်းတို့ လုပ်ဆောင်နိုင်ဖို့ စစ်ကောင်စီကို စီပွားရေးလုပ်ငန်းအခွန်ငွေတွေနဲ့ စစ်လက်နက်တွေ ထောက်ပံ့ပေးနေတယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement


















































