Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်သို့ စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် သံဃာနှစ်ပါးနှင့် ပြည်သူ ၉ဦး ပျောက်ဆုံးနေ

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် အောက်တိုဘာ ၂၂ရက်မှ အောက်တိုဘာ ၃၁ရက်အထိ ကန့်ဘလူနယ်ကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် ဖျက်ဆီးသွားသော နေအိမ်များနှင့် ရုပ်အလောင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
(စစ်ကောင်စီတပ် ဖျက်ဆီးသွားသော နေအိမ်များနှင့် ရုပ်အလောင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

▪️မီးရှို့၊ မြေမြှုပ်ထားသည့် ရုပ်အလောင်း နှစ် လောင်းတွေ့

▪️စစ်ကောင်စီတပ်က ကျေးရွာလေးရွာမှလူထု နေအိမ် ၂၀၀ခန့်ကို မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းကို အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာများရှိ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ စစ်ကြောင်းထိုးပြီးနောက် သံဃာ နှစ်ပါးနှင့် ပြည်သူ ၉ဦး ပျောက်ဆုံးနေကြောင်းလည်း အသိပေးဖော်ပြသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် အောက်တိုဘာ ၂၂ရက်မှ အောက်တိုဘာ ၃၁ရက်အထိ ကန့်ဘလူနယ်ကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် ဖျက်ဆီးသွားသော နေအိမ်များနှင့် ရုပ်အလောင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
(စစ်ကောင်စီတပ် ဖျက်ဆီးသွားသော နေအိမ်များနှင့် ရုပ်အလောင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

ထိုသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး မီးရှို့မှုများ လုပ်ဆောင်ခဲ့၍ ဉာဏ်အင်းရွာမှ နေအိမ် ၈လုံး၊ အင်းလည်ကြီးရွာမှ နေအိမ် ၁၅၆လုံး၊ ရွာမ(ရွာသစ်)ရွာမှ နေအိမ် ၁၁လုံး၊ မဲသည်ရွာမှ နေအိမ် ၁၇လုံး စုစုပေါင်း ၁၉၂လုံးပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကြောင်း ဝင်ရောက်ပြီးနောက် ရွာမကျေးရွာမှ အမျိုးသား သုံးဦး၊အင်းလယ်ကြီးရွာမှ အမျိုးသား တစ်ဦး၊ အင်္ဂါထောင့်ရွာမှ အမျိုးသား တစ်ဦး၊ကျွန်းပင်ကုန်းရွာမှ သံဃာနှစ်ပါးနှင့် အမျိုးသား နှစ်ဦး၊ မဲသည်ရွာမှ အမျိုးသား နှစ်ဦး စုစုပေါင်း သံဃာ နှစ်ပါးနှင့် လူ၉ယောက်ပျောက် ဆုံးနေကြောင်း ဖော်ပြသည်။

စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်သည် အောက်တိုဘာလ ၂၃ ရက်တွင် စစ်ဘေးရှောင် ပြည်သူအများအပြား နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနေ့၌ပင် ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် လင်းယုန်နီ တပ် စခန်းအား အကြမ်းဖက်စစ်ကောင်စီမှ ဝင်ရောက်စီးနင်းခဲ့ကြောင်း Infinity Groupက ဆိုသည်။

ထိုသို့စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့၍ လင်းယုန်နီ ကန့်ဘလူ စခန်းမှ ကျပ်သိန်း ၇၀ ကျော်တန်ဖိုးရှိသည့် ၂၅ ကောင် အင်ဂျင် ၂ လုံး၊ဂွန်ဒေါင်းအင်ဂျင်စက် ၁ လုံး၊ဒိုင်နမို ၂ လုံး၊ဆိုင်ကယ် ၁ စီး၊မိုင်းရှာစက် ၁ လုံး၊ထုတ်လုပ်ရေးသုံးပစ္စည်းများ၊လက်လုပ် ၆၀ မမ စိန်ပြောင်း ၂ လက် နှင့် ၆၀ ကျည်အလုံး ၃၀၊ရှော့ဒုံး ၁၀လုံးတို့ ဖျက်ဆီးသွားခဲ့ကြောင်း ဖော်ပြထားသည်။

(စစ်ကောင်စီတပ် ဖျက်ဆီးသွားသော နေအိမ်များနှင့် ရုပ်အလောင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
(စစ်ကောင်စီတပ် ဖျက်ဆီးသွားသော နေအိမ်များနှင့် ရုပ်အလောင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကောင်စီတပ်နှင့် နယ်မြေခံပြူစောထီးများ ပူးပေါင်းကာ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး အောက်တိုဘာ ၂၂ရက်မှ ၃၁ရက်အတွင်း ရွာလေးရွာမှ နေအိမ် များကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂၄ရက်နှင့် ၂၅ရက်များတွင် ဉာဏ်အင်းရွာ၊ ရွာမရွာ ၊ အင်းလယ်ကြီးရွာတို့ကို မီးရှို့ခဲ့ရာ အိမ်ခြေ ၂၀၀ ကျော်ရှိ ဉာဏ်အင်းကျေးရွာမှ နေအိမ် ၉လုံး၊အိမ်ခြေ ၃၀၀ ကျော်ရှိ ရွာမကျေးရွာမှ နေအိမ် ၁၀ လုံး နှင့် အိမ်ခြေ ၁၀၀၀ ကျော်ရှိ အင်းလယ်ကြီးရွာမှ နေအိမ် ၁၂၆ လုံး မီးလောင်ပြာကျခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းကိုဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် လင်းယုန်နီ ကန့်ဘလူ ၊ Kanbalu Underground Warriors ၊ MPF U18 ၊ ဗိုလ်တထောင် ၊ ထန်းကုန်းတိုက်နယ် ပကဖ အဖွဲ့များမှ ပူးပေါင်းကာ Drone၊မိုင်းများအသုံးပြုကာ တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၂၃ရက်မှ ၂၅ရက်နေ့အတွင်း စစ်ကောင်စီတပ်မှ ၂၀ခန့် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

မဲသည်ကျေးရွာတွင် ပျောက်ဆုံးနေသည့် ရွာသားများဟု ယူဆရသည့် ရုပ်အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုသို့ တွေ့ရှိရာ၌ အလောင်းတစ်လောင်းမှာ မီးရှို့ထား၍ အရိုးစုမျှသာ ရှာတွေ့ခဲ့ပြီး ကျန်တစ်လောင်းမှာ ခန္ဓာကိုယ်ကို ခါးမှတဝက်ပိုင်း၊ လက်များ ဖြတ်ထားပြီး မြေကျင်း တူးမြှုပ်ထားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်များ ဝင်ရောက်စဉ် ကျေးရွာ ပေါင်း ၂၀ကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ပြည်သူလူထုများအနေဖြင့်နေအိမ်များ မီးရှို့ခံရသည့်အပြင် အဖိုးတန်ပစ္စည်းများ၊ ကျွဲ၊နွား၊ဝက်၊ကြက် တိရိစ္ဆာန်များစွာလည်း ပျောက်ဆုံးခဲ့ရကြောင်း ထုတ်ပြန်သည်။

ယခုအခါ ပြည်သူများ ရပ်ရွာသို့ ပြန်လည်ဝင်ရောက်နေကြပြီး စားဝတ်နေရေးအခက်အခဲနှင့် ကျန်းမာရေးမ‌ကောင်းကြသူများ‌သောကြောင့် ဆေးဝါးလုံလောက်မှုမရှိသည့် အခက်အခဲများရှိကြောင်းမြေပြင်ကူညီရေးအဖွဲ့များကို ကိုးကားပြီး ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။