Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဆောက်လုပ်ရေးကုမ္ပဏီရုံးခန်း ဓားပြတိုက်ခံရ

ငွေတော်ကြည်ကုန်းရပ်ကွက်၊ ၇၅ လမ်း ၊ ၁၁၇ လမ်းနဲ့ ၁၁၈ လမ်းကြားမှာရှိတဲ့ ရှင်းမြတ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီ နေအိမ်ရုံးခန်းကို နေ့လယ် ၁ နာရီခွဲခန့်မှာ အမျိုးသား ၂ ဦး ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်ပြကာ ဓားပြတိုက်သွားတာလို့ သိရပါတယ်။

မန္တလေးမှာ ဆောက်လုပ်ရေးကုမ္ပဏီရုံးခန်း ဓားပြတိုက်ခံရ
မန္တလေးမှာ ဆောက်လုပ်ရေးကုမ္ပဏီရုံးခန်း ဓားပြတိုက်ခံရ

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ငွေတော်ကြည်ကုန်းရပ်ကွက်မှာရှိတဲ့ ဆောက်လုပ်ရေးကုမ္ပဏီ နေအိမ်ရုံးခန်းဟာ မနေ့က နေ့လယ်ပိုင်းမှာ ဓားပြတိုက်ခံလိုက်ရပါတယ်။

ငွေတော်ကြည်ကုန်းရပ်ကွက်၊ ၇၅ လမ်း ၊ ၁၁၇ လမ်းနဲ့ ၁၁၈ လမ်းကြားမှာရှိတဲ့ ရှင်းမြတ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီ နေအိမ်ရုံးခန်းကို နေ့လယ် ၁ နာရီခွဲခန့်မှာ အမျိုးသား ၂ ဦး ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်ပြကာ ဓားပြတိုက်သွားတာလို့ သိရပါတယ်။

ဒီလို ဓားပြတိုက်သွားတဲ့ CCTV ရုပ်သံဖိုင်လည်း လူမှုကွန်ရက်မှာ တက်လာပါတယ်။

ဓားပြတိုက်မယ့် အမျိုးသား ၂ဦးဟာ ဆောက်လုပ်ရေးသုံး ပစ္စည်းဖိုး ငွေချေမယ်ဆိုကာ နေအိမ် ရုံးဝင်းထဲ ဝင်လာပြီး ဓားပြတိုက်သွားတာလို့ စစ်အုပ်စုဘက်ကတော့ သတင်းထုတ်လာပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဓားပြတိုက်မှုမှာ ငွေကျပ်သိန်း ၃၂၀ နဲ့ ဖုန်း ၂ လုံးပါသွားတယ်လို့သိရပါတယ်။

ဓားပြတိုက်ခံရတဲ့အချိန်မှာ ရုံးခန်းထဲ ဝန်ထမ်း ၅ ဦးရှိနေပေမယ့် သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့ စုံစမ်းသိရပါတယ်။

အခုလို ဓားပြတိုက်မှု ဖြစ်ခဲ့တဲ့ ငွေတော်ကြည်ကုန်းရပ်ကွက်မှာ ပြီးခဲ့တဲ့လပိုင်းကလည်း အမျိုးသမီး ၂ ဦးသတ်ဖြတ်ခံရတဲ့ လုယက်မှုဖြစ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။