Connect with us

Hi, what are you looking for?

News

မြန်မာအပါအဝင် နိုင်ငံအချို့တွင် COVISHIELD အတုများတွေ့ရကြောင်း NUG အသိပေး

COVISHIELD ကာကွယ်ဆေးထုတ်လုပ်သည့် အိန္ဒိယအခြေစိုက် Serum Institute of India Pvt. Ltd ကလည်း အထက်ပါဆေးအတုများတွေ့ရှိခြင်းကို အတည်ပြုထားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာအပါအဝင် အရှေ့တောင်အာရှနှင့် အာဖရိကတွင် ကိုဗစ်ကာကွယ်ဆေးတစ်မျိုးဖြစ်သည့် COVISHIELD ဆေးအတုများတွေ့ရှိရကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကိုကိုးကားပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးချက်ထုတ်ပြန်သည်။

COVISHIELD ကာကွယ်ဆေးထုတ်လုပ်သည့် အိန္ဒိယအခြေစိုက် Serum Institute of India Pvt. Ltd ကလည်း အထက်ပါဆေးအတုများတွေ့ရှိခြင်းကို အတည်ပြုထားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါကာကွယ်ဆေးအတုများတွေ့ရှိရသည့်နိုင်ငံများမှာ ယူဂန်ဒါ၊ အိန္ဒိယ၊ မြန်မာတို့ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံမည့်သူများအဆင့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆေးအတုများသည် ကမ္ဘာတစ်ဝှမ်း ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား ဆိုးရွားစွာထိခိုက်စေပြီး ကပ်ရောဂါကို ကာကွယ်တွန်းလှန်နေရသည့် ပြည်သူလူထုနှင့် ကျန်းမာရေးစနစ်အပေါ် ပိုမိုအန္တရာယ်ဖြစ်စေကြောင်း ထောက်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ကာကွယ်ဆေးများကို တရားဝင်လိုင်စင်ရရှိထားသောဖြန့်ဖြူးသူများမှ ရယူရန်၊ ကာကွယ်ဆေးစစ်မှန်မှုနှင့် အအေးလမ်းကြောင်းစနစ်မှန်ကန်မှုတို့ကို စစ်ဆေးရန်၊ သံသယရှိပါက ကျန်းမာရေးဝန်ထမ်း/ ပညာရှင်များထံမှ အကြံဉာဏ်ရယူရန်၊ ဆေးတုအသုံးပြုုမိကာ နောက်ဆက်တွဲပြဿနာများဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနတွင် ဆေးကုသမှုခံယူရန်နှင့် သတင်းပို့ရန်နှင့် ဆေးထိုးပြီးနောက်ဆက်တွဲ ပြဿဿနာများမဖြစ်ပွားသည့်တိုင် ကာကွယ်ဆေး၏ အာနိသင်မရရှိနိုင်သောကြောင့် ယုံကြည်စိတ်ချရသော COVID-19 ကာကွယ်ဆေးကို အကြိမ်ပြည့်ထပ်မံထိုးနှံရန် NUG က အကြံပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ထုတ်လွှင့်ခွင့်ရရှိထားတဲ့ စစ်တပ်ပိုင် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel က အွန်လိုင်းကနေ ကမ္ဘာ့ဖလားပွဲစဉ်တွေ ထုတ်လွှင့်ပြသတာမျိုးတွေရှိရင် တည်ဆဲဥပဒေတွေအပါအဝင် နိုင်ငံတကာဥပ‌ဒေတွေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

အတွေးအမြင်

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့ ပထဝီနိုင်ငံရေး အကျပ်အတည်း

သတင်း

ချင်းမိုင်မှာ ခွင့်ပြု လုပ်ငန်းလိုင်စင် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတယ်ဆိုပြီးမြန်မာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အတွေးအမြင်

-Anynon ​ရေးသားသည်။ မြန်မာပြည်သူတိုင်းရဲ့ ရင်ထဲမှာ မျှော်လင့်ချက်တွေအများကြီးရှိနေပါတယ်။ဒါပေမဲ့မျှော်လင့်ချက်တွေကသာ များနေတာ ဘာမှရေရေရာရာ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာကြပါဘူး။ ဟိုဟာလေးဖြစ်မလားဆိုပြီးမျှော်လိုက်ရ၊ဒီဟာလေး ဖြစ်မလားဆိုပြီး စောင့်လိုက်ရနဲ့၊ အဆုံးသတ်မှာတော့ ဘာတခုမှ လက်တွေ့မဖြစ်လာဘဲ လေဟာနယ်ထဲမှာပဲ ပျောက်ဆုံးသွားတတ်ကြပါတယ်။ တိုင်းပြည်တခုမှာ မျှော်လင့်ချက်တွေသာ ဒီလောက်များပြားပြီးတခုမှ ဖြစ်မလာဘူးဆိုရင်တော့ ဒီတိုင်းပြည်မှာ တခုခု အလွန်အမင်း...

Facebook