Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားကို စစ်လက်နက် ထောက်ပံ့နေကြောင်း အမေရိကန် စွပ်စွဲချက်ကို မြောက်ကိုရီးယား ပယ်ချ

KCNAကတော့ မြောက်ကိုရီးယားဟာ ရုရှားနဲ့ ဘယ်လို လက်နက် အပေးအယူ သဘောတူညီမှုမှ မရယူခဲ့သလို အနာဂတ်မှာလည်း ဒီလို သဘောတူညီမှုတွေ ရှိမလာနိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ရုရှားကို စစ်လက်နက် ထောက်ပံ့နေကြောင်း အမေရိကန် စွပ်စွဲချက်ကို မြောက်ကိုရီးယား ပယ်ချ
ရုရှားကို စစ်လက်နက် ထောက်ပံ့နေကြောင်း အမေရိကန် စွပ်စွဲချက်ကို မြောက်ကိုရီးယား ပယ်ချ

ရုရှားကို စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ ပေးပို့နေကြောင်း အမေရိကန်ရဲ့ စွပ်စွဲပြောဆိုမှုတွေကို မြောက်ကိုရီးယားက ခါးခါးသီးသီး ငြင်းဆိုသွားပါတယ်။

မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက အမေရိကန်ဟာ နိုင်ငံတကာ မျက်နှာစာမှာ မြောက်ကိုရီးယား အစိုးရကို အထင်အမြင် လွဲမှားခံရအောင် ရည်ရွယ်ချက်ရှိရှိ ထိုးနှက်ဖို့ ကြိုးစားနေတာလို့ စွပ်စွဲခဲ့ပါတယ်။ ယူကရိန်း စစ်ပွဲအတွက် ရုရှားကို မြောက်ကိုရီးယားက စစ်လက်နက်တွေ ပို့ဆောင်ပေးနေတယ်ဆိုတဲ့ အမေရိကန်ရဲ့ ဖော်ပြချက်တွေဟာ အခြေအမြစ် လုံးဝမရှိတဲ့ ကောလာဟလတွေသာ ဖြစ်တယ်လို့ KCNAက ဆိုပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက မြောက်ကိုရီးယားဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဆီ ကုန်စည် တင်ပို့မယ့် သင်္ဘောတွေကို အသုံးပြုပြီး ရုရှားအတွက် စစ်လက်နက်တွေ ထောက်ပံ့ ပေးပို့နေတယ်လို့ ယုံကြည်ရကြောင်း၊ အဲဒီလမ်းကြောင်းတွေကို တိတိကျကျ ဖော်ထုတ်နိုင်အောင် အမေရိကန်က မျက်ခြေမပြတ် လေ့လာ စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပါတယ်။

KCNAကတော့ မြောက်ကိုရီးယားဟာ ရုရှားနဲ့ ဘယ်လို လက်နက် အပေးအယူ သဘောတူညီမှုမှ မရယူခဲ့သလို အနာဂတ်မှာလည်း ဒီလို သဘောတူညီမှုတွေ ရှိမလာနိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကာဘီက မြောက်ကိုရီးယားဟာ လက်နက်ကြီးတွေနဲ့ လက်နက်ကြီး ကျည်ဆန်တွေ တော်တော်များများကို ရုရှားဆီ ပေးပို့ခဲ့တယ်လို့ စွပ်စွဲပြီး ဒီလုပ်ရပ်က စစ်ပွဲကို ပိုမို ရှည်ကြာလာစေလိမ့်မယ်လို့ ဝေဖန်သွားပါတယ်။

အခုရက်ပိုင်းတွေအတွင်း အမေရိကန်နဲ့ တောင်ကိုရီးယား မဟာမိတ်တွေဟာ မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ ပိုမို မြင့်တက်လာနေပါတယ်။ မြောက်ကိုရီးယားက ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ဒုံးကျည် စမ်းသပ်မှုတွေ အရှိန်မြှင့် လုပ်ဆောင်လာတာဟာ နျူကလီးယားလက်နက် စမ်းသပ်မှု တစ်ခုအတွက် ကြိုတင် ပြင်ဆင်နေတာ ဖြစ်နိုင်ကြောင်းလည်း အမေရိကန်က စွပ်စွဲ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

Facebook