Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ် နေ၍ ပြည်သူများ လုံခြုံစိတ်ချရသည့် နေရာများတွင် နေထိုင်ကြရန် မိုးဗြဲ PDF သတိပေး

ယနေ့(နိုဝင်ဘာ ၉ ရက်)ည ၈ နာရီခွဲခန့်ကစ၍ဖယ်ခုံအခြေစိုက် ခမရ (၃၃၆)မှ လက်နက်ကြီး အသုံးပြုပစ်ခတ်နေခြင်းဟု ဆိုသည်။

(မိုးဗြဲPDFမှ ရဲဘော်များအား တွေ့ရစဉ်)
(မိုးဗြဲPDFမှ ရဲဘော်များအား တွေ့ရစဉ်)

ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်က လက် နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိနေ၍ ပြည် သူများအနေဖြင့် လုံခြုံစိတ်ချရသည့် နေရာများ တွင် နေထိုင်ကြရန် မိုးဗြဲ PDF တပ်ရင်း(၂)က သတိပေးထုတ်ပြန်သည်။

ယနေ့(နိုဝင်ဘာ ၉ ရက်)ည ၈ နာရီခွဲခန့်ကစ၍ဖယ်ခုံအခြေစိုက် ခမရ (၃၃၆)မှ လက်နက်ကြီး အသုံးပြုပစ်ခတ်နေခြင်းဟု ဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် သတိဝိရိယရှိရှိနေထိုင်ကြရန် နှင့် အကြောက်မလွန်ကြရန် မိုးဗြဲ PDF တပ်ရင်း (၂)က အသိပေးသည်။

“ဒီနေ့ည က ဒီးမော့ဆိုဘက်မှာ တိုက်ပွဲပြင်းထန် နေတယ်။စကစက မြေပြင် လက်နက်ကြီးပစ်ကူကို အဆမတန်သုံးနေရတယ်။အသေးစိတ်အခြေ အနေကိုတော့ ပြောပြလို့မရနိုင်သေးဘူး”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လက်ရှိပြည်သူ့ကာကွယ်ရေးတပ်များ ၏ သတိ ပေးထုတ်ပြန်ချက်များကို အမြဲစောင့်ကြည့်ပြီး လိုက်နာပေးရန်လည်း တိုက်တွန်းသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဒီးမော့ဆို-ဖရူဆို မြို့နယ်ကြားရှိ ကျေးရွာများသို့စစ်ကြောင်းထိုးလှုပ်ရှားလျက်ရှိနေသည်။

ထို့အပြင် လွိုင်ကော်မြို့နယ် ရှမ်း-ကယားပြည်နယ် စပ်တွင်လည်း တိုက်ပွဲများပြင်းထန်နေသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ယခုလဆန်းပိုင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။