Connect with us

Hi, what are you looking for?

သတင်း

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အတွက် လူသားချင်းစာနာမှုအကူအညီ ကန်ဒေါ်လာ ၁၃၅သန်းပေးအပ်မည်ဟု သြစတြေးလျကြေညာ

သြစတြေးလျသည် အသက်ရှင်သန်ရေးအတွက် လူသားချင်းစာနာမှုအကူအညီထောက်ပံ့မှုကို မှီခိုနေရသည့် နေရပ်စွန့်ခွာရိုဟင်ဂျာ ၉၁၉,၀၀၀ ကျော်အတွက် ဘင်္ဂလားဒေ့ရှ်ကို ဆက်လက်ကူညီထောက်ပံ့မည်ဟု ကတိပြုသည်။

(သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးအား တွေ့ရစဉ်)
(သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးအား တွေ့ရစဉ်)

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ရှိ လူသားချင်းစာနာမှုဆိုင်ရာတုန့်ပြန်ရေး အကူအညီအဖြစ် သြစတြေးလျအစိုးရသည် ၂၀၂၂-၂၃ အတွက် အမေရိကန် ဒေါ်လာ ၁၃၅သန်း ပေးအပ်မည်ဟု ယနေ့ ကြေညာသည်။

သြစတြေးလျအစိုးရ၏ အကူအညီပေးအပ်မှုသည် အသက်ကယ်ဆယ်ရေး အစားအစာ၊ ရေနှင့် ယာယီနေထိုင်နိုင်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများမှတဆင့် ကူညီပေးမည်ဟု ဆိုသည်။

ထို့အပြင် အမျိုးသမီးများ၊ မိန်းကလေး နှင့် မသန်စွမ်းများအပါအဝင် လိုအပ်နေသူများအတွက် မရှိိမဖြစ်ကာကွယ်မှု၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများကိုလည်း ကူညီထောက်ပံ့ပေးသွားမည်ဟု သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်၌ ဖော်ပြသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်အာဏာသိမ်းချိန်မှစ၍ မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်သည့်အရေအတွက်မှာ ၁ သန်းမှ ခန့်မှန်းခြေ ၁၄.၄ သန်းအထိ တရှိန်ထိုးမြင့်တက်လာခဲ့သည်။

Public Service Announcement

Public Service Announcement

သြစတြေးလျသည် အသက်ရှင်သန်ရေးအတွက် လူသားချင်းစာနာမှုအကူအညီထောက်ပံ့မှုကို မှီခိုနေရသည့် နေရပ်စွန့်ခွာရိုဟင်ဂျာ ၉၁၉,၀၀၀ ကျော်အတွက် ဘင်္ဂလားဒေ့ရှ်ကို ဆက်လက်ကူညီထောက်ပံ့မည်ဟု ကတိပြုသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...