Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ်မှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာ ၁ ဦးအပါအဝင် လူ ၂၄ ဦးထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ်ရဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံက အနောက်ဘင်္ဂလား ဒေသမှာလည်း မုန်တိုင်းကြောင့် လူသောင်းဂဏန်းလောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပေမယ့် ထိခိုက်သေပျောက်မှု မရှိခဲ့ကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာ ၁ ဦးအပါအဝင် လူ ၂၄ ဦးထက်မနည်း သေဆုံး
ဘင်္ဂလားဒေ့ရှ်မှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာ ၁ ဦးအပါအဝင် လူ ၂၄ ဦးထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်သွားတဲ့အတွက် လူပေါင်း ၂၄ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေ အမြောက်အမြား ဖြစ်ပေါ်ခဲ့ပါတယ်။

ဆိုင်ကလုန်းမုန်တိုင် စီတရန်ကြောင့် ဘင်္ဂလားဒေ့ရှ်က ဒေသတော်တော်များများမှာ လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်နေသလို အိမ်ခြေ တစ်သောင်းကျော် ပျက်စီးခဲ့ကြောင်း အစိုးရက ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်ထိ သေဆုံးမှု ၂၄ ဦး စာရင်းရထားကြောင်း၊ အများစုက သစ်ပင်ပိမိတာ၊ အိမ်ပြိုတာတွေကြောင့်ဖြစ်ပြီး ဂျမူနာ ရေကြီးချိန်မှာ လှေမှောက်လို့ သေဆုံးသူ ၂ ဦးလည်း ရှိခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် သင်္ဘောတစ်စီးပေါ်မှာ အလုပ်လုပ်နေတဲ့ မြန်မာ အမျိုးသားတစ်ဦးလည်း ရေထဲပြုတ်ကျပြီး ရေနစ် သေဆုံးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ မုန်တိုင်း မဝင်ရောက်လာခင် ကတည်းက လူပေါင်း တစ်သန်းလောက်ကို အရေးပေါ် ရွှေ့ပြောင်းမှုတွေ ပြုလုပ်ဖို့ ကြိုတင် ဆော်ဩထားခဲ့ပါတယ်။ ပြီးတော့ လေဆိပ် ၃ ခုကို ၂၁ နာရီကျော်ကြာအောင် ပိတ်ထားစေပြီး ရေကြောင်း ခရီးစဉ် ပြေးဆွဲမှုတွေပါ ဆိုင်းငံ့ထားလိုက်ပါတယ်။ ဒါ့အပြင် ငါးဖမ်းလှေတွေကိုလည်း ကမ်းကပ်ပြီး ကျောက်ချထားဖို့ အာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်းအပြီးမှာ နိုင်ငံရဲ့ ဒေသ အတော်များများက ဓာတ်အား ပြတ်တောက်နေပြီး အောက်တိုဘာ ၂၆ ရက်ထိ ဓာတ်အားပုံမှန် ပြန်ရဖို့ မဖြစ်နိုင်သေးကြောင်း အစိုးရ အရာရှိ တစ်ဦးကဖြစ်တဲ့ ဂျီဘွန် နာဟားက ပြောပါတယ်။ အဲဒီနေ့မှာလည်း နိုင်ငံတောင်ပိုင်းက ကျောင်းတွေကို ဆက်ပြီး ပိတ်ထားဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

ထိခိုက်ပျက်စီးမှုနဲ့ အသေအပျောက် စာရင်းတွေက ကနဦး အဆင့်သာ လက်ခံ ရရှိသေးတာကြောင့် ကိန်းဂဏန်းတွေ ပိုတိုးလာမှာကိုလည်း ကယ်ဆယ်ရေး အဖွဲ့တွေက စိုးရိမ်နေပါတယ်။ နောက်ပြီး ဘင်္ဂလား ပင်လယ်အော်ထဲမှာ ငါးထွက်ဖမ်းနေသူ ၈ ယောက်လည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

စီတရန် ဆိုင်ကလုန်း မုန်တိုင်းဟာ အခုအခါ အရှိန်လျော့သွားပြီ ဖြစ်ပေမယ့် ဒါကာ၊ ခူလ်နာနဲ့ ဘာရီဆဲလ်တို့လို မြို့ကြီးတွေမှာတော့ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ကြုံတွေ့နေဆဲပါ။

ဘင်္ဂလားဒေ့ရှ် ကမ်းလွန် ပင်လယ်ပြင်က မုန်တိုင်းဒဏ် အကာအကွယ် နည်းပါးရာ ကျွန်းတစ်ခုကို ပေးပို့ခံထားရတဲ့ ရိုဟင်ဂျာ ၃၃၀၀၀ ကို မုန်တိုင်း ဖြတ်သန်းချိန် နေအိမ်တွေ တံခါးပိတ်ထားဖို့ ညွှန်ကြားထားခဲ့ပြီး အသေအပျောက် သတင်း မကြားရဘူးလို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံက အနောက်ဘင်္ဂလား ဒေသမှာလည်း မုန်တိုင်းကြောင့် လူသောင်းဂဏန်းလောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပေမယ့် ထိခိုက်သေပျောက်မှု မရှိခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ မုန်တိုင်းတစ်ခုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လေပြင်းတွေတိုက်၊ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။