Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း ၃ခုကို KNLA ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်

“ ဒီဘက်ကတော့ လေယာဉ်နဲ့လာချတဲ့အထိ မထိခိုက် သေးပါ။ ခွေး(စစ်ကောင်စီ)ဘက်ကတော့ မသိရသေး”ဟု ရိုးမတပ်ဖွဲ့ မှတာဝန်ရှိသူက ပြောသည်။

(KNU/KNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-EPA)
(KNU/KNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-EPA)

▪︎တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်တုံ့ပြန်တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို ယနေ့ မနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း အဆိုပါ ဒေသ၌ စစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရိုးမတပ်ဖွဲ့က ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၂ရက် မနက် ၄နာရီမှစ၍ KNLA(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) တပ်ရင်း (၉)နှင့် တပ်ရင်း(၇) နယ်မြေ ရှိ ဘောကထှာ၊ တုံးတံတား၊ သံဆိပ် စစ်ကောင်စီစခန်းများကို KNLAနှင့် ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်များဘက်က မနက် ၇နာရီမှစ၍ နံနက် ၉နာရီ ၄၅ မိနစ်အထိ တိုက်လေယာဉ် ၃စီး၊ ရဟတ်ယာဉ် ၁စီး အသုံးပြု လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိ အချိန်ထိ နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားနေကြောင်းထုတ်ပြန်သည်။

တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်နှင့် လက်နက်ခဲယမ်းရရှိမှု အခြေအနေများကို စုံစမ်းနေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

“ ဒီဘက်ကတော့ လေယာဉ်နဲ့လာချတဲ့အထိ မထိခိုက် သေးပါ။ ခွေး(စစ်ကောင်စီ)ဘက်ကတော့ မသိရသေး”ဟု ရိုးမတပ်ဖွဲ့ မှတာဝန်ရှိသူက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး KNU ဗဟိုမှ သတင်းရင်းမြစ်ထံသို့ ဆက်သွယ်ရာ တရားဝင်ကြေးနန်းမရသေးသော်လည်း အွန်လိုင်းသတင်းများကို ကြားသိရသည်ဟု ပြောသည်။

“ဆက်ဖြစ်မှာပဲ ဒါက ။ တစ်နိုင်ငံလုံးပေါ့” ဟု KNU ဗဟို မှ သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု