Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့ မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်အုပ်စုကို PDF နှစ်ဦးဝင်ပစ်

ယနေ့ (နိုဝင်ဘာ ၁၂ရက်) နံနက် ၁၁နာရီခွဲခန့်က ရွှေဘိုမြို့၊ ချမ်းသာကြီးဘုရားတောင်ဘက် မြဝတီဘဏ်အနီးရှိ ​မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ကင်းစောင့်​နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ရွှေဘိုမြို့ မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်အုပ်စုကို PDF နှစ်ဦးဝင်ပစ်
ရွှေဘိုမြို့ မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်အုပ်စုကို PDF နှစ်ဦးဝင်ပစ်

▪️စစ်ကောင်စီတပ်သား တစ်ဦးသေ၊ သုံးဦးထက်မနည်း ဒဏ်ရာရဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှိ စစ်ကောင်စီတပ်သားများကို PDFနှစ်ဦးဝင် ရောက်တိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး သုံးဦးထက်မနည်း ဒဏ်ရာရရှိကြောင်း TBK တောဆင်ရိုင်းပြောက်ကျား တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာ ၁၂ရက်) နံနက် ၁၁နာရီခွဲခန့်က ရွှေဘိုမြို့၊ ချမ်းသာကြီးဘုရားတောင်ဘက် မြဝတီဘဏ်အနီးရှိ ​မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ကင်းစောင့်​နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

စီးပွားရေးဘဏ်ရှေ့တွင် ဘန်ကာနှစ်ခုရှိသည့်အနက် တောင်ဘက်ဘန်ကာတွင်ရှိသော စစ်ကောင်စီတပ်သားထံ (၈)ပေခန့်အကွာထိ သွားရောက်ကာ (၅)ချက်တိတိ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ ၎င်းစစ်သားသည် ဦးခေါင်းပွင့်ထွက်ကာ ဦးထုပ်များပါ ကျွတ်လျက် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ မြောက်ဘက် ဘန်ကာမှ သေနတ်မောင်းတင်ကာထွက်လာသော စစ်​ကောင်စီတပ်သားရှိသည့်နေရာကိုလည်း ဗုံးတစ်လုံး ပစ်ထည့်ကာတိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ သုံးဦးထက်မနည်းရှိနိုင်ကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

“စီးပွားရေးဘဏ်ရှေ့ ပစ်ခတ်မှုဖြစ်တယ်လို့ကြားတယ်။ စစ်သားတစ်ဦးသေတယ်လို့ပြောတယ်။”ဟု ရွှေဘိုမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား သပိတ်ကျင်းမြို့နယ် (ပ.က.ဖ) TBK တောဆင်ရိုင်ပြောက်ကျားတပ်ဖွဲ့နှင့် M.T Black Dragon People Defence Force တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များလည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီအား ခုခံတိုက်ခိုက်ရန်ပြည်သူများလည်း နိုင်သလောက်ပါဝင်လှူဒါန်းပေးကြရန် TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားသည်။

နိုဝင်ဘာလဆန်းပိုင်းက မြင်းမူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်စောင့်စစ်ကောင်စီတပ်များလည်း နှစ်ကြိမ်တိုင် တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

Facebook