Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲကဲ့သို့ အာဏာရှင်တရားဝင်ဖြစ်မည့် ရွေးကောက်ပွဲမျိုးလက်မခံကြောင်း KNU ပြော

ကေအဲန်ယူအနေဖြင့် ဒီမိုကရေစီကျင့်စဉ်နည်းလမ်းကို လက်ခံသော်လည်း အာဏာရှင်ကို တရားဝင်မှုဖြစ်စေမည့် ဆောင်ရွက်မှုတို့ကို အားမပေးကြောင်း ကေအဲန်ယူမှ ရှင်းလင်းပြောကြားခဲ့သည်။

ရွေးကောက်ပွဲကဲ့သို့ အာဏာရှင်တရားဝင်ဖြစ်မည့် ရွေးကောက်ပွဲမျိုးလက်မခံကြောင်း KNU ပြော
ရွေးကောက်ပွဲကဲ့သို့ အာဏာရှင်တရားဝင်ဖြစ်မည့် ရွေးကောက်ပွဲမျိုးလက်မခံကြောင်း KNU ပြော

စစ်ကောင်စီကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် ၄င်းတို့ တရားဝင်မှုရရှိရေးအတွက် ကြိုးပမ်းခြင်းသာဖြစ်ပြီး ပျက်ပြယ်သွားပြီဖြစ်သည့် (၂၀၀၈) ဖွဲ့စည်းပုံဥပဒေကို ပြန်လည်အသက်သွင်းခြင်းသာဖြစ်သောကြောင့် အာဏာရှင်ကို တရားဝင်မှုဖြစ်စေမည့် ဆောင်ရွက်မှုတို့ကို အားမပေးကြောင်း ကေအဲန်ယူမှ ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၁၁)ရက်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံး ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ တကောကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူလူထုများတွေ့ဆုံပွဲတွင် ကရင်နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်တစ်ဦးက လာမည့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီမှ ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ကေအဲန်ယူ၏သဘောထားကိုမေးမြန်းရာ ကေအဲန်ယူမှ အောက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကဲ့သို့ အာဏာရှင်တရားဝင်ဖြစ်မည့် ရွေးကောက်ပွဲမျိုးလက်မခံကြောင်း KNU ပြော
ရွေးကောက်ပွဲကဲ့သို့ အာဏာရှင်တရားဝင်ဖြစ်မည့် ရွေးကောက်ပွဲမျိုးလက်မခံကြောင်း KNU ပြော

ကေအဲန်ယူအနေဖြင့် ဒီမိုကရေစီကျင့်စဉ်နည်းလမ်းကို လက်ခံသော်လည်း အာဏာရှင်ကို တရားဝင်မှုဖြစ်စေမည့် ဆောင်ရွက်မှုတို့ကို အားမပေးကြောင်း ကေအဲန်ယူမှ ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် ကေအဲန်ယူမှ တာဝန်ယူဖွဲ့စည်းပေးခဲ့သော ကရင်လက်နက်ကိုင်စည်းလုံးညီညွတ်ရေး ကော်မတီ၏ (၁၀)နှစ် နီးပါးကြာ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို အသိအမှတ်ပြုပြီး ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စည်းလုံးညီညွတ်စွာ ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် စည်းလုံညီညွတ်ရေးအခြေခံမူတစ်ရပ်ကို ရေးဆွဲရရှိထားပြီဖြစ်ကာ ထိုစည်းလုံးညီညွတ်ရေးအခြေခံမူအောက်တွင် ကရင်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးကော်မတီကို စနစ်တကျ ပြန်လည် ဖွဲ့စည်းသွားရန်လည်း ယင်းဆွေးနွေးပွဲတွင် ကေအဲန်ယူမှ တိုက်တွန်းပြောကြားသွားခဲ့သည်။

Public Service Announcement

Public Service Announcement

ကရင်လက်နက်ကိုင်အဖွဲ့(၄)ဖွဲ့ တွေ့ဆုံမှုအခြေအနေနှင့်ပတ်သက်ပြီး ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက “ကျွန်တော်တို့က ဆက်ပြီးတော့ကြိုးပမ်းသွားရမှာပဲလေ။ ကိုယ့်အမျိုးသားအချင်းချင်းပဲ ညီညွတ်မှုရှိအောင် ကြိုးစားရမှာ ဒါပထမအချက်ပဲ။ ကျွန်တော်တို့ထဲမှာရှိတဲ့ မတူညီမှုဟာလည်း ဒါကတော့အသိအမှတ်ပြုရမယ်။ ဒီအချိန်ထဲမှာလည်း ဒီလိုမတူညီတဲ့အနေအထားကနေပြီးတော့ ဒီထက်ပိုပြီးတော့ ကျွန်တော်တို့အချင်းချင်းကြားမှာ နားလည်မှုလွဲမှားတဲ့ဟာတွေ ပိုပြီးတော့မကြီးပွားသွားအောင် ဆက်ကြိုးစားရမှာပဲလေ။ ခေါင်းဆောင်ပိုင်းမှာလည်း ကြိုးစားနေတာပဲ၊ ကျွန်တော်တို့ ညီအစ်ကိုအချင်းချင်းမှာလည်း ကြိုးစားနေတာပဲ” ယခုလိုပြောကြားသွားခဲ့သည်။

ရွေးကောက်ပွဲကဲ့သို့ အာဏာရှင်တရားဝင်ဖြစ်မည့် ရွေးကောက်ပွဲမျိုးလက်မခံကြောင်း KNU ပြော
ရွေးကောက်ပွဲကဲ့သို့ အာဏာရှင်တရားဝင်ဖြစ်မည့် ရွေးကောက်ပွဲမျိုးလက်မခံကြောင်း KNU ပြော

ယင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကေအဲန်ယူ-ဖားအံခရိုင်အတွင်းရှိ ပြည်သူလူထုများအနေဖြင့် လက်ရှိအခြေအနေတွင် မိမိတို့ခရိုင်အတွင်း စစ်မက်ဖြစ်ပွားခြင်း၊ လက်နက်ကိုင်တိုက်ပွဲများဖြစ်ပေါ်ခြင်းတို့ကို မလိုလားကြောင်း၊ စစ်ပွဲ၏ အနိဌာရုံကို ခံစားခဲ့ကြရပြီဖြစ်ကြောင်း၊ စစ်ပွဲဖြစ်ပေါ်လာခြင်းကို လက်မခံနိုင်ကြောင်း သဘောထားများပေးခဲ့ကြသည်။ ကေအဲန်ယူကလည်း လူထုဆန္ဒသဘောထားကို လေးစားပါကြောင်း ၁၉၄၈ ခုနှစ်တွင် ကရင်အမျိုးသား(၄)သိန်းကျော်မှ ပြည်တွင်းစစ်အလိုမရှိဟူ၍ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သော်လည်း ဖဆပလ အစိုးရက ဖြေရှင်းလုပ်ဆောင်ခဲ့မှု မရှိသည့်အတွက် လက်နက်ကိုင်တိုက်ပွဲအသွင်ဖြစ်ပေါ်လာစေပြီး ပြည်တွင်းစစ်ပေါ်ပေါက်လာရကြောင်း ယခုအခါတွင်လည်း ဖားအံခရိုင် (၅) မြို့နယ်အတွင်းရှိ ပြည်သူလူထုများအနေဖြင့် ဆန္ဒရှိသော်လည်း ၁၉၄၈ ဖြစ်စဉ်ကို ပြန်လည်သတိချပ်စေလိုကြောင်း ကေအဲန်ယူမှ ပြန်လည်အသိပေးပြောကြားသည်။

” ကေအဲန်ယူက လက်ရှိရင်ဆိုင်နေရတဲ့ ပြသနာတွေ အထူးသဖြင့် စစ်ကောင်စီအပေါ်မှာထားတဲ့ ကျွန်တော်တို့ရဲ့ လက်ရှိမူဝါဒ သဘောထားတွေကတော့ ဒါတော့ အနည်းဆုံးခင်းပြရမယ်လေ။ ထိုနည်းလည်းကောင်းပဲ အခုလက်ရှိလူထုတွေ ကြုံတွေ့နေရတဲ့ကိစ္စက ကျွန်တော်တို့ကြောင့်မဟုတ်ဘူး၊ ဒါက စစ်ကောင်စီကနေပြီးတော့ မဟားတရားပဲ တဖက်ကနေ သူက(စစ်ကောင်စီ)ငြိမ်းချမ်းရေးတွေ ဖိတ်ခေါ်တယ်၊ အပစ်အခတ်ရပ်စဲရေးတွေ ပြောတဲ့အချိန်မှာပဲ သူလုပ်တဲ့အလုပ်တွေက တလွဲတွေဖြစ်နေတယ်ဆိုတာ ဒါလည်းထောက်ပြရမှာပဲလေ ” ဟု ဆွေးနွေးပွဲအကြောင်းနှင့်ပတ်သက်ပြီး ပဒိုစောတောနီးမှ ပြောပြသည်။

ယခုလူထုတွေ့ဆုံပွဲသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ပြုလုပ်သည့် လူထုတွေ့ဆုံဆွေးနွေးပွဲဖြစ်ပြီး ထိုဆွေးနွေးပွဲသို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်ကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ကေအဲန်ယူ-ဖားအံခရိုင်ရှိ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နယ်၊ နဘူးမြို့နယ်၊ ထီလုံမြို့နယ်၊ ဒုံရင်းမြို့နယ်တို့မှ မြို့နယ်ခေါင်းဆောင်များ၊ ကျေးနယ်အုပ်စုမှူးများ၊ ရပ်မိရပ်ဖခေါင်းဆာင်များနှင့် ပြည်သူလူထုများ စုစုပေါင်း (၁၅၀၀)ကျော် တက်ရောက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။