Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တူရကီမှာ လူစည်ကားရာမြို့လယ် ဗုံးကွဲမှုကြောင့် ၆ ဦးသေပြီး ၈၀ ကျော် ဒဏ်ရာရ

တူရကီ အစိုးရက အခုပေါက်ကွဲမှုဟာ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုလို့ ယုံကြည် ယူဆကြောင်း ကြေညာပေမယ့် ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်အဖြစ် တာဝန်ခံတာမျိုး မရှိသေးပါဘူး။

တူရကီမှာ လူစည်ကားရာမြို့လယ် ဗုံးကွဲမှုကြောင့် ၆ ဦးသေပြီး ၈၀ ကျော် ဒဏ်ရာရ
တူရကီမှာ လူစည်ကားရာမြို့လယ် ဗုံးကွဲမှုကြောင့် ၆ ဦးသေပြီး ၈၀ ကျော် ဒဏ်ရာရ

တူရကီနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အစ္စတန်ဘူလ်မှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး လူ ၆ ဦးသေဆုံးခဲ့သလို ၈၁ ဦးထက်မနည်း ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

နိုဝင်ဘာ ၁၃ ရက်က ညနေပိုင်းက အစ္စတန်ဘူလ် မြို့လယ်က လူစည်ကားရာ တက်ခ်ဆင်မ် ရင်ပြင်နားက စျေးဆိုင်တန်းတွေ ပေါများတဲ့ လမ်းတစ်လမ်းမှာ ဗုံးကွဲခဲ့တာ ဖြစ်ပါတယ်။ ပြည်ထဲရေး ဝန်ကြီးဌာနကတော့ ဗုံးခွဲမှု ကျူးလွန်သူလို့ ယူဆရတဲ့ သံသယ တရားခံ တစ်ဦးကို ထိန်းသိမ်းထားကြောင်း ပြောပါတယ်။

တူရကီ အစိုးရက အခုပေါက်ကွဲမှုဟာ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုလို့ ယုံကြည် ယူဆကြောင်း ကြေညာပေမယ့် ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်အဖြစ် တာဝန်ခံတာမျိုး မရှိသေးပါဘူး။

တူရကီ တရားရေးဝန်ကြီး ဘီကာ ဘော့ဇ်ဒက်ဂ်က သံသယ တရားခံအဖြစ် အမျိုးသမီး တစ်ဦးကို စွပ်စွဲခဲ့ပါတယ်။ အဲဒီ အမျိုးသမီးဟာ ပေါက်ကွဲမှုဖြစ်မယ့် နေရာမှာ မိနစ် ၄၀ လောက်ကြာအောင် ထိုင်နေခဲ့ပြီး ပေါက်ကွဲခါနီးမှ ထထွက်သွားတာကို လုံခြုံရေး ကင်မရာ မှတ်တမ်းတွေမှာ တွေ့ခဲ့၇ကြောင်း ဘော့ဇ်ဒက်ဂ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တူရကီ သမ္မတ ရာဂျစ်တာယစ် အာဒိုဂန်ကလည်း ဒီဖြစ်စဉ်မှာ အကြမ်းဖက် လုပ်ရပ်ရဲ့ အငွေ့အသက်တွေ ပြင်းပြင်းထန်ထန် ခံစား ရရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ တူရကီ ပြည်ထဲရေး ဝန်ကြီး ဆူလီမန် ဆွိုင်လူကတော့ ဒါဟာ တူရကီ အစိုးရရဲ့ ရန်သူတော် ကာ့ဒ်အလုပ်သမားပါတီ (PKK)ရဲ့ လက်ချက်လို့ စွပ်စွဲထားပါတယ်။

PKKဟာ တူရကီ အစိုးရက အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ် ကြေညာထားတဲ့ လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ပြီး တူရကီကနေ ကာ့ဒ်ကိုယ်ပိုင်ပြည်နယ် ခွဲထွက်ရေးအတွက် တောင်းဆိုနေပါတယ်။ အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့ကလည်း PKKကို အကြမ်းဖက် အဖွဲ့အဖြစ် စာရင်းသွင်းထားပါတယ်။ ဒါပေမဲ့ အစ္စတန်ဘူလ် ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး PKKက သူတို့ရဲ့ လက်ချက်လို့ ဝန်မခံသေးပါဘူး။

ဗုံးပေါက်ပြီး သေဆုံးသူတွေထဲမှ ကလေးမလေး တစ်ယောက်နဲ့ ဖခင်ဖြစ်သူလည်း ပါဝင်တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုကတော့ NATOရဲ့ မဟာမိတ်ဖြစ်တဲ့ တူရကီနဲ့အတူ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ရည်မှန်းချက်တွေမှာ ရင်ဘောင်တန်း ရပ်တည် ကူညီသွားမယ်လို့ ထုတ်ပြန်ပါတယ်။ ပြင်သစ်၊ ယူကရိန်း၊ ပါကစ္စတန်၊ အီတလီ၊ ဂရိ အစိုးရတွေကလည်း အစ္စတန်ဘူလ် မြို့လယ်က အစ္စတစ်လယ်လ် လမ်းပေါ်မှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တူရကီ ပြည်သူတွေကို စာနာကြောင်း အသီးသီး ကြေညာခဲ့ကြပါတယ်။

အဲဒီလမ်းဟာ အစ္စတန်ဘူလ်မြို့ရဲ့ အစည်ကားဆုံး နေရာတစ်ခုဖြစ်ပြီး စျေးဝယ်သူတွေနဲ့ စည်ကားနေလေ့ ရှိပါတယ်။ ၂၀၁၆ တုန်းကလည်း အဲဒီဧရိယာ တဝိုက်မှာ အသေခံ ဗုံးခွဲမှုတစ်ခု ဖြစ်ပွားပြီး တရားခံ အပါအဝင် ၅ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

နိုင်ငံတကာ

တူရကီမှာ ၂ ရက်အတွင်း ဒုတိယမြောက် စာသင်ကျောင်း ပစ်ခတ်မှု တစ်ခုနဲ့ ကြုံတွေ့ခဲ့ပြီး ၉ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။