Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ် မြွေတလိုင်းရွာရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်က မတ္တရာနယ်၊ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးပစ်ခတ်နေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

(တောကြီးမြေပွေးအဖွဲ့ဝင်ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်)
(တောကြီးမြေပွေးအဖွဲ့ဝင်ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြွေတလိုင်းကျေးရွာရှိ စစ်ကောင်စီတပ်ကို မိုင်းကွင်းနှစ်ခုခွဲကာ တိုက်ခိုက်ရန် ပြင်ဆင်ထားစဥ် တစ်ကွင်း၌ မိုင်းထိပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ရွှေဘိုခရိုင်အခြေစိုက် တောကြီးမြွေပွေးခေါင်းဆောင် ဗိုလ်တီက ပြောကြားသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြွေတလိုင်းကျေးရွာတွင် တပ်စွဲထားပြီး ဧရာဝတီအနောက်ဘက်ကမ်း ဝက်လက်မြို့နယ်ဘက်ခြမ်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော စစ်ကောင်စီစစ်ကြောင်းကို ယနေ့ (နိုဝင်ဘာလ ၁၄ ရက်) နံနက် ၉ နာရီခန့်က မြွေတလိုင်းကျေးရွာမှ ပြန်အထွက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ၉ဦး သေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရသွားကြောင်း တောကြီးမြွေပွေးခေါင်းဆောင် ဗိုလ်တီက ပြောကြားသည်။

“မိုင်းကွင်းရှိတာ သတင်းပေါက်တော့ ​ွေး ၂၅ ကောင် မိုင်းကွင်းနောက်ကနေ ပတ်ဝင်လာတယ်။ ကွင်းက နှစ်ကွင်းရှိတာကို မသိဘဲ တစ်ကွင်းပဲသိတာထင်တယ်။ မိုင်းချတဲ့ရဲဘော်တွေ နေတဲ့ရွာကို ရဲကားနှစ်ဦး နဲ့ ဝင်ဖမ်းတယ်။ သူတို့လာတော့ ပြေးပြလိုက်တယ်။ ကျွန်တော်တို့ပြေးတော့သူတို့ မိုင်းဆွဲမဲ့သူမရှိတော့ဘူးထင်ပြီး သူတို့ခြေလျင် တပ်တာမိုင်းကွင်းကို။ အဲဒီမှာခွဲလိုက်တာ။”ဟု ဗိုလ်တီက ပြောကြားသည်။

မိုင်းခွဲပြီး ၁နာရီအကြာတွင် မတ္တရာမြို့မှ စစ်ကောင်စီအင်အား ၃၀၀နီးပါးသည် ဧရာဝတီမြစ်ကြောင်းဘက်ထွက်လာပြီး ကျေးရွာအချို့တွင် တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးအား တောကြီးမြွေပွေးနှင့် ဒေါင်းစစ်သည်(ရွေဘိုခရိုင်အမှတ် ၁၇ တပ်ရင်း) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်က မတ္တရာနယ်၊ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးပစ်ခတ်နေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။