Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာမြို့နယ် ပျုစောထီးခေါင်းဆောင် ရပ်ကျေးအုပ်ချုပ်ရေးမှူးပစ်သတ်ခံရ

တံငါမြောက်ရွာအုပ်ချုပ်ရေးမှူးဟာ ပြည်သူတစ်ဦးကို ဖမ်းဆီးပြီး မျက်လုံးကို တိတ်ကပ်နှိပ်စက်စစ်ဆေးတဲ့ ရုပ်သံလည်း လူမှုကွန်ရက်မှာထွက်ခဲ့ပါသေးတယ်။

မတ္တရာမြို့နယ်
မတ္တရာမြို့နယ်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဗောဓိရွာရဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဝက်လက်မြို့နယ် နယ်စည်းမခြားတော်လှန်ရေးအင်အားစုရဲ့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းက အသိပေးပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဝင်းဟာ မတ္တရာမြို့နယ်ရဲ့ စစ်ကောင်စီလက်အောက်ခံ ပျုစောထီးခေါင်းဆောင်လည်းဖြစ်တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းကဆိုထားပါတယ်။

Public Service Announcement
Public Service Announcement

စစ်အုပ်စုဘက်ရဲ့ သတင်းမှာတော့ ဦးအောင်ကျော်ဝင်းဟာ နိုဝင်ဘာလ ၉ ရက်က မတ္တရာမြို့နယ် ၊သရက်တောကျေးရွာအုပ်စုထဲက စားသောက်ဆိုင်မှာထိုင်နေချိန် ဆိုင်ကယ် ၂ စီးနဲ့ရောက်လာတဲ့ အမျိုးသား ၆ ဦးက ပစ်ခတ်သွားတာလို့ ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလလယ်ပိုင်းကလည်း မတ္တရာမြို့နယ် တံငါမြောက်ရွာ အုပ်ချုပ်ရေးမှူးဟာ မန္တလေး − မိုးကုတ်လမ်းမှာ ပစ်ခတ်ရှင်းလင်းခံလိုက်ရပါတယ်။

Public Service Announcement

Public Service Announcement

တံငါမြောက်ရွာအုပ်ချုပ်ရေးမှူးဟာ ပြည်သူတစ်ဦးကို ဖမ်းဆီးပြီး မျက်လုံးကို တိတ်ကပ်နှိပ်စက်စစ်ဆေးတဲ့ ရုပ်သံလည်း လူမှုကွန်ရက်မှာထွက်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အုပ်ချုပ်ရေးမှူးများက နှုတ်ထွက်စာတင်သော် လည်း စစ်ကောင်စီဘက်မှ ထွက်ခွင့်မပြုသောကြောင့် တိမ်းရှောင်သွားသူလည်း ရှိကြောင်း ၎င်းက ဆိုသည်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး ကျေးရွာနှစ်ရွာအား မီးရှိူ့ဖျက်ဆီးသွားကြောင်း​ဒေသခံများက​ပြောသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၈ ရက်) နံနက် ၅နာရီခွဲခန့်က မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ပိုဝ၊ စိန်ပန်းကုန်း၊ဆင်ကုန်း၊သမင်ခြံ၊ သူဌေးကုန်းရွာများသို့ အင်အား ၈၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ခဲ့သည်။ စစ်ကောင်စီတပ်သည် ဆင်ကုန်းကျေးရွာမှ အမျိုးသားတစ်ဦးကို...