Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ် ပျုစောထီးခေါင်းဆောင် ရပ်ကျေးအုပ်ချုပ်ရေးမှူးပစ်သတ်ခံရ

တံငါမြောက်ရွာအုပ်ချုပ်ရေးမှူးဟာ ပြည်သူတစ်ဦးကို ဖမ်းဆီးပြီး မျက်လုံးကို တိတ်ကပ်နှိပ်စက်စစ်ဆေးတဲ့ ရုပ်သံလည်း လူမှုကွန်ရက်မှာထွက်ခဲ့ပါသေးတယ်။

မတ္တရာမြို့နယ်
မတ္တရာမြို့နယ်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဗောဓိရွာရဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဝက်လက်မြို့နယ် နယ်စည်းမခြားတော်လှန်ရေးအင်အားစုရဲ့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းက အသိပေးပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဝင်းဟာ မတ္တရာမြို့နယ်ရဲ့ စစ်ကောင်စီလက်အောက်ခံ ပျုစောထီးခေါင်းဆောင်လည်းဖြစ်တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းကဆိုထားပါတယ်။

Public Service Announcement
Public Service Announcement

စစ်အုပ်စုဘက်ရဲ့ သတင်းမှာတော့ ဦးအောင်ကျော်ဝင်းဟာ နိုဝင်ဘာလ ၉ ရက်က မတ္တရာမြို့နယ် ၊သရက်တောကျေးရွာအုပ်စုထဲက စားသောက်ဆိုင်မှာထိုင်နေချိန် ဆိုင်ကယ် ၂ စီးနဲ့ရောက်လာတဲ့ အမျိုးသား ၆ ဦးက ပစ်ခတ်သွားတာလို့ ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလလယ်ပိုင်းကလည်း မတ္တရာမြို့နယ် တံငါမြောက်ရွာ အုပ်ချုပ်ရေးမှူးဟာ မန္တလေး − မိုးကုတ်လမ်းမှာ ပစ်ခတ်ရှင်းလင်းခံလိုက်ရပါတယ်။

Public Service Announcement

Public Service Announcement

တံငါမြောက်ရွာအုပ်ချုပ်ရေးမှူးဟာ ပြည်သူတစ်ဦးကို ဖမ်းဆီးပြီး မျက်လုံးကို တိတ်ကပ်နှိပ်စက်စစ်ဆေးတဲ့ ရုပ်သံလည်း လူမှုကွန်ရက်မှာထွက်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရွေးချယ်ပြီးနောက် စစ်မှုထမ်းကြေး‌ ငွေ ကောက်ခံမှု တိုင်ကြားခံရလို့ဆိုပြီး မဲနှိုက်မှုတွေပြန်လုပ်ကာ မဲပေါက်သူက ကျပ်သိန်းရာနဲ့ချီပို ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်ကို သတင်းအမှားတွေပေးကာ ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ပစ်ခိုင်းခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး ၂ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

Facebook