Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်အခြေစိုက် ခမရ(၅၈၆)တပ်ရင်းကို ရေးဘီးလူးအဖွဲ့တိုက်ခိုက်

စစ်ကောင်စီတပ်မှ သေဆုံးမှုရှိမရှိကို လတ်တလော အတည်မပြုနိုင်သေးသော်လည်း စစ်ကောင်စီတပ်မှ လေးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

(ရေးဘီလူးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)
(ရေးဘီလူးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)

▪️စစ်ကောင်စီတပ် သေဆုံးမှုရှိနိုင်ဟုပြော

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၈၆) တပ်ရင်းကို ယနေ့ တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

“ဒီနေ့လည် ၁၂နာရီခွဲလောက်မှာ ၅၈၆ တပ်ရင်းကို(၄၀)မမနဲ့ ဝင်ပစ်တယ်။ ပြီးတော့ M4 အငယ်လေးတွေ သုံးပြီး ဝင်ရောက်စီးနင်းတယ်ပေါ့ ။ဒါပေမဲ့ တပ်ထဲအထိတော့ မရောက်ဘူး။ အပြန်အလှန် ပစ်ခတ်မှုတော့ မဖြစ်ဘူး။ ကျနော်တို့ အရင်လက်ဦးမှုရတော့ ကျနော်တို့ ပစ်ပြီးတော့ မြို့ထဲမှာ ဖြစ်နေတော့ ပြန်ပြီး ဆုတ်လမ်းအတွက် ပြန်ရာပြီး တပ်ပြန်ဆုတ်ခဲ့တယ်”ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်သည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်မှ သေဆုံးမှုရှိမရှိကို လတ်တလော အတည်မပြုနိုင်သေးသော်လည်း စစ်ကောင်စီတပ်မှ လေးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

Public Service Announcement

Public Service Announcement

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များ၊ စစ်ကောင်စီတပ်စွဲရာနေရာများ၊ ရဲများနှင့် စစ်ကောင်စီ သတင်းပေးဒလန်များကို တိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။

ရေးဘီလူးအဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် အောက်တိုဘာလက ရေးမြို့နယ် ခေါဇာရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲတပ်သား သုံးဦးသေဆုံးခဲ့ပြီးလက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အင်အား၁၀၀ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Ye Guerrilla Force-ရေးပြောက်ကျားတပ်က ဒီကနေ့ မေလ၃ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။