Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်ရှိ ရဲစခန်းတိုက်ခိုက်ပြီး ပြန်လာသည့် MSROတပ် လမ်း၌တိုက်ပွဲထပ်ဖြစ်၍ အဖွဲ့တာဝန်ခံ ကိုသီဟနေစိုး ကျဆုံး

စစ်ကောင်စီတပ်ဘက်ကလည်း သုံးဦးသေဆုံးပြီး တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သတင်းရရှိထားသည်ဟု MSRO အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

(ကျဆုံးခဲ့သည့် MSROတာဝန်ခံ ကိုသီဟနေစိုး)
(ကျဆုံးခဲ့သည့် MSROတာဝန်ခံ ကိုသီဟနေစိုး)

▪️ရန်သူကို ပြိုင်တူတော်လှန်ကြရန် MSRO၏ မဟာမိတ်တပ် ရေးဘီလူးအဖွဲ့ခေါင်းဆောင်ပြော

မွန်ပြည်နယ် ရေးမြို့နှင့် မိုင်အနည်းငယ်အကွာရှိ ဇီးဖြူသောင်ရွာ နယ်မြေရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့သည့် မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့(MSRO)တပ်ဖွဲ့မှ တာဝန်ခံ ကိုသီဟနေစိုးသည် အပြန်လမ်းတွင် စစ်ကောင်စီနှင့် တိုက်ပွဲထပ်မံဖြစ်ပွားစဉ် ကျဆုံးခဲ့သည်ဟု MSROက အသိပေးထုတ်ပြန်သည်။

အောက်တိုဘာ ၁၇ရက် နေ့လည် ၁နာရီခွဲတွင် မွန်ပြည်နယ် ရေးမြို့ အနောက်ဘက် (၇)မိုင် အကွာရှိ ဇီးဖြူသောင်ကျေးရွာ နယ်မြေရဲစခန်းအား တိုက်ခိုက်မှုအပြီး ပြန်လည်ဆုတ်ခွာစဉ် ညနေ ၄နာရီခွဲတွင် MSROနှင့် စစ်ကောင်စီတပ်များ ရေးမြို့အနောက်မြောက်ဘက် (၇)မိုင်ခန့်အကွာရှိ ပလိုင်ကီးရွာအနီး တိုက်ပွဲငယ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲငယ်တွင် MSROမှ တာဝန်ခံ ရဲဘော် ကိုသီဟနေစိုး (ခ)တိုဘီ(ခ) ကိုအဂ္ဂ ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

(ကျဆုံးခဲ့သည့် MSROတာဝန်ခံ ကိုသီဟနေစိုး)
(ကျဆုံးခဲ့သည့် MSROတာဝန်ခံ ကိုသီဟနေစိုး)

စစ်ကောင်စီတပ်ဘက်ကလည်း သုံးဦးသေဆုံးပြီး တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သတင်းရရှိထားသည်ဟု MSRO အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

MSROသည် ရေးမြို့နယ်၌ အခြေပြုလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး ဒေသတွင်းရှိ ရေးဘီလူးအဖွဲ့နှင့် မဟာမိတ်ဖွဲ့ထားသည်။

MSRO အဖွဲ့တာဝန်ခံ ကျဆုံးမှုနှင့်ပတ်သက်ပြီး ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “အတူတောခိုတယ်။ အတူ နေထိုင်ဖို့ အဆောက်အအုံတွေဆောက်တယ်။ အတူသင်တန်းတက်တယ်။ အတူစုဖွဲ့မှုတွေတည်ဆောက်ကြတယ်။ အမှားအမှန်အတူလမ်းပြပေးခဲ့ကြတယ်။ အတူမဟာမိတ်ဖွဲ့ခဲ့ကြတယ်။ ဒီနိုင်ငံတော်ကြီးအတွက် အတူ ချွေးတွေ ထွက်ခဲ့ကြတယ်။ ခုတော့ ညီက အရင်ထွက်သွားလိုက်တာ စောလွန်းတယ်။ စိတ်ချ ငါ့ညီ။ ညီမြင်ချင်တဲ့ ဒီမိုကရေစီ လမ်းစဉ်ကို ရအောင်ယူပေးမယ် ကတိပေးတယ်” ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

(ကျဆုံးခဲ့သည့် MSROတာဝန်ခံ ကိုသီဟနေစိုး)
(ကျဆုံးခဲ့သည့် MSROတာဝန်ခံ ကိုသီဟနေစိုး)

ရဲစခန်းတိုက်ခိုက်ပြီး အပြန်တွင် ကျဆုံးခဲ့သည့် MSRO တပ်မှ တာဝန်ခံ ကိုသီဟနေစိုးက ၎င်းတို့ ပိတ်မိနေကြောင်းကို အောက်တိုဘာ ၁၇ရက် မွန်းလွဲ ၃နာရီ ၄၀တွင် ရေးဘီလူးအဖွဲ့ထံ အသိပေးခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆိုသည်။

“ဒီတစ်နေ့တည်း တို့ အားလုံး ဝမ်းနည်းပြီးရင် ပြိုင်တူ တော်လှန်ရင် ဘယ်ရန်သူမှ မခံနိုင်ဘူး အမျိုးတို့။ နိုင်တဲ့ဘက်က တစ်ထောင့်တစ်နေရာက ပါဝင်ကြပါ။ အမျိုးတို့မှာ ထက်မြက်တဲ့အရာတွေ အများကြီးရှိတယ် လုပ်နိုင်စွမ်းတွေလည်းရှိကြတယ်။ ကျွန်တော်တို့ ယုံကြည်တယ်။ ဖိုက်တင်း တို့ဘယ်တော့မှ မရှုံးဘူး”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရေးမြို့ ပြည်သူလူထုကို အသိပေးထားသည်။

ကျဆုံးခဲ့သည့် MSROတာဝန်ခံ ကိုသီဟနေစိုးသည် ရေးမြို့နယ် NLDပါတီ လူငယ်တာဝန်ခံ တစ်ဦးဖြစ်သည်။ ထို့ပြင် ၎င်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သည့် လူထုလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီက လူထုကို သတ်ဖြတ်နှိပ်စက်မှုများ လုပ်ဆောင်ခဲ့၍ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သူများအနက်တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။