Connect with us

Hi, what are you looking for?

News

မြန်မာနိုင်ငံမှာ လေးလကြာအပစ်အခတ်ရပ်စဲဖို့ အာဆီယံအထူးကိုယ်စားလှယ် တောင်းဆို၊တောင်းဆိုမှုကို စစ်​ကောင်စီ သ​ဘောတူ

“ဒါက နိုင်ငံရေးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးမဟုတ်ပါဘူး။ ဒါက လုံခြုံစေဖို့၊ လူသားချင်းစာနာမှုဆိုင်ရာအလုပ်သမားတွေအတွက် လုံခြုံရေးအတွက် အပစ်အခတ်ရပ်စဲရေးဖြစ်ပါတယ်” လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လေးလကြာအပစ်အခတ်ရပ်စဲဖို့ အာဆီယံအထူးကိုယ်စားလှယ်က တောင်းဆိုလိုက်ပါတယ်။

အခုစက်တင်ဘာလလယ်မှာ လူသားချင်းစာနာမှုအကူ အညီ ပထမဆုံးအသုတ်ကို အဆင်ပြေချောမွေ့စွာပေးအပ်နိုင်ဖို့ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အားလုံးကို လေးလကြာ ရပ်တန့်ထားဖို့ အထူးကိုယ်စားလှယ်က တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof ဟာ ဂျပန်သတင်းဌာန Kyodo News နဲ့ သီးသန့် အင်တာ ဗျူးမှာ သူ့အနေနဲ့ စစ်ကောင်စီကခန့်အပ်တဲ့ နိုင်ငံခြား ရေးဝန်ကြီး ၀ဏ္ဏမောင်လွင်ကို ဗီဒီယိုကွန်ဖရင့်နဲ့တွေ့ဆုံခဲ့ရာမှာ ဒီနှစ်ကုန်အထိ အပစ်အခတ်ရပ်စဲဖို့တောင်းဆိုခဲ့ပြီး အဲဒီတောင်းဆိုမှုကို မြန်မာစစ်တပ်က သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

“ဒါက နိုင်ငံရေးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးမဟုတ်ပါဘူး။ ဒါက လုံခြုံစေဖို့၊ လူသားချင်းစာနာမှုဆိုင်ရာအလုပ်သမားတွေအတွက် လုံခြုံရေးအတွက် အပစ်အခတ်ရပ်စဲရေးဖြစ်ပါတယ်” လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ပြီးခဲ့တဲ့ ဩဂုတ်လဆန်းမှာ ခန့်အပ်ခဲ့ပြီး အဲဒီကိုယ်စား လှယ်ဟာ အခုအချိန်အထိ မြန်မာနိုင်ငံကို လာရောက်နိုင်ခြင်းမရှိသေးဘဲ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်အပါအဝင် မြန်မာနိုင်ငံကို လာရောက်ခွင့်ရရှိရေး ကြိုးစားနေဆဲပါ။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။