Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်တွင် KNUတပ်မဟာ(၅)၏ ပြောက်ကျားတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှင့် ရဲများထိခိုက်မှုရှိ

နိုဝင်ဘာ ၁၆ရက်မှ ၁၉ရက်အတွင်း တိုက်ခိုက်မှု ဖြစ်စဉ်များကို ဖော်ပြခဲ့ရာ စစ်ကောင်စီဘက်က ၂ဦး သေဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့သည်ဟု ဖော်ပြသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များက တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၆ရက်မှ ၁၉ရက်အတွင်း တိုက်ခိုက်မှု ဖြစ်စဉ်များကို ဖော်ပြခဲ့ရာ စစ်ကောင်စီဘက်က ၂ဦး သေဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့သည်ဟု ဖော်ပြသည်။

နိုဝင်ဘာ၁၉ရက်က မူတြော်(ဖာပွန်)ခရိုင်၊ ဘူးသိုမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လယ်တိုးစခန်းအားဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ အဆိုပါတိုက်ခိုက်မှုတွင် ရန်သူဖက်မှထိခိုက်ကျဆုံးမှု အခြေအနေကို မသိရသေးဟု ဖော်ပြသည်။

နိုဝင်ဘာ၁၈ရက်ကလည်း မူတြော်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ ကော်သွေးကျိုးစခန်းတောင်ခြေမှ ရေဆိပ်တွင်ဝင်ရောက်ပစ်ခတ်ရာ အကြမ်းဖက်စစ်ကောင်စီမှ တစ်ဦး သေဆုံးကာ ဒဏ်ရာရသူအခြေအနေကိုအတည်ပြုမရသေးဟု ထုတ်ပြန်သည်။ နိုဝင်ဘာ ၁၆ရက်တွင်လည်း မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်ရှိ လယ်တိုးစခန်းအားရှောင်တခင်ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယင်းနေ့၌ပင် ဖာပွန်မြို့ရဲစခန်းအားဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေ ရဲသားတစ် ဦး သေဆုံးခဲ့သည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။