Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုနယ် ဆပ်သွားရွာ မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်ကို PDFများ ပူးပေါင်းတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆပ်သွားကျေးရွာအား မီးရှို့ဖျက်ဆီးသော စစ်ကောင်စီတပ်ကို ရေစကြို၊ ပခုက္ကူနှင့် မြိုင်မြို့နယ် PDFများပေါင်းတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့ (နိုဝင်ဘာ၂၁ ရက်) သတင်းထုတ်ပြန်သည်။

ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ-ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့
ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ-ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆပ်သွားကျေးရွာအား မီးရှို့ဖျက်ဆီးသော စစ်ကောင်စီတပ်ကို ရေစကြို၊ ပခုက္ကူနှင့် မြိုင်မြို့နယ် PDFများပေါင်းတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့ (နိုဝင်ဘာ၂၁ ရက်) သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၆ရက် နံနက် ၁၀ နာရီဝန်းကျင်က ရေစကြိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဆပ်သွားကျေးရွာ၌ ဝင်ရောက်ဖျက်ဆီးမီးရှို့နေသော စစ်ကောင်စီတပ် အား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ လက်နက်ကြီးများဖြင့် နာရီဝက်နီးပါးကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်း ထိခိုက်ဒဏ်ရာများရရှိသွားကာ ဇီးတောပျူစခန်းနှင့် မြေနီကုန်းတောရိုးဘက်သို့ထွက်ပြေးသွားခဲ့သည်ဟု ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

အဆိုပါ စစ်ဆင်ရေးအား ပခုက္ကူမြို့ပြပြောက် ကျားတပ်ဖွဲ့-၁၊ တပ်ခွဲ-၁ ကျေးလက်ဒေသပြောက်ကျား တပ်ဖွဲ့ – မြိုင် MRGF၊ ပခုက္ကူခရိုင် တပ်ရင်း(၃)၊ မြိုင်မြို့နယ် ပကဖ၊ Super Fighter PDF၊ Urban Underground Revolution Force၊ Southern Yesagyo PDF၊ Steel Hawk PDF၊ Royal Defense Force၊ King Cobra People`s Defense Force၊ Royal Pakokku Underground၊ ဒေါင်းသွေနီ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၅ ရက်ကတည်းက ရေစကြို မြို့နယ်၊ မြေနီကုန်းရွာ၊ ဆပ်သွားရွာ၊ အညာတောရွာများအား ဝင်ရောက်မွှေနှောက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။