Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ် စသိန်းရွာ စစ်အုပ်စုရှို့သည့်မီး ယနေ့နံနက်အထိ လောင်ကျွမ်းနေ

ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကာင်စီတ​ပ်သည် ကျွန်းတိုင်းရွာကို နိုဝင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ မီးရှို့ဖျက် ဆီးခဲ့ရာ ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(မီးရှို့ဖျက်ဆီးခံရသော စသိန်းကျေးရွာအား ယမန်နေ့ညက တွေ့ရစဥ်၊ဓာတ်ပုံ-Pauk Newsletter)
(မီးရှို့ဖျက်ဆီးခံရသော စသိန်းကျေးရွာအား ယမန်နေ့ညက တွေ့ရစဥ်၊ဓာတ်ပုံ-Pauk Newsletter)

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စသိန်းကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ညကတည်းက မီးရှို့ဖျက်ဆီးခဲ့ရာ ယနေ့နံနက်ပိုင်းအထိ မီးလောင်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ (နိုဝင်ဘာ၂၂ ရက်) ညနေပိုင်းက ပေါက်မြို့နယ် မြောက်ပိုင်း စသိန်းကျေးရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာယနေ့(နိုဝင်ဘာလ ၂၃ ရက်) နံနက်ပိုင်းအထိ မီးရှို့ဖျက်ဆီးနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ပေါက်မြို့ အရှေ့ဘက် အုန်းတောကျေးရွာဘက်သို့ ကားလေးစီးဖြင့် ဝင်ရောက်နေပြီးကျေးရွာအတွင်း မွှေနောက်နေကြောင်း၊ ပြည်သူများကိုလည်း ၈နာရီ အတွင်း ထွတ်ခိုင်းနေကြောင်း Pauk Newsletter၏ သတင်းပြန်ကြားရေး တာဝန်ခံ Salaiက ပြောသည်။

(မီးရှို့ဖျက်ဆီးခံရသော စသိန်းကျေးရွာအား ယမန်နေ့ညက တွေ့ရစဥ်၊ဓာတ်ပုံ-Pauk Newsletter)
(မီးရှို့ဖျက်ဆီးခံရသော စသိန်းကျေးရွာအား ယမန်နေ့ညက တွေ့ရစဥ်၊ဓာတ်ပုံ-Pauk Newsletter)

ယမန်နေ့ညကလည်း ပေါက်မြို့ပေါ်ရှိ စစ်ကောင် စီတပ်သည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့သည်။

Public Service Announcement

Public Service Announcement

“(၁၂၀) မမလို့ ယူဆပါတယ်။သုံးချက်ထုတယ် လို့သိရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ၁၈ ရက်ကတည်းက ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သည်။ အဆိုပါစစ်ကြောင်းကြောင့် ကျေးရွာ၁၀ရွာထက်မနည်း၊ ပြည်သူနှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကာင်စီတ​ပ်သည် ကျွန်းတိုင်းရွာကို နိုဝင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ မီးရှို့ဖျက် ဆီးခဲ့ရာ ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကျွန်းတိုင်းရွာအား မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့ သုံးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၁၁ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြိုင်(ပကဖ) အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။

သတင်း

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။

သတင်း

SCEFရဲ့ရည်မှန်းချက်ဟာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေးမဟုတ်၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၊ ပဋိပက္ခ ဖြစ်စေတဲ့အရင်းခံတွေဖြေရှင်းဖို့ ဖြစ်ကြောင်းအသိပေး