Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ပေါက်မြို့နယ်​မြောက်ပိုင်းသို့ စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးနေ

စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် ပေါက်မြို့နယ်၊ မြောက်ပိုင်းရှိ ကျေးရွာအချို့မှာ ပြည်သူများ ညတွင်းချင်းထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။

(​ပေါက်မြို့နယ်​မြောက်ပိုင်ရှိ လက်ခုပ်ပင်ရွာကို စစ်​ကောင်စီတပ်က မီးရှို့​နေစဥ်။ ဓါတ်ပုံ-CJ)
(​ပေါက်မြို့နယ်​မြောက်ပိုင်ရှိ လက်ခုပ်ပင်ရွာကို စစ်​ကောင်စီတပ်က မီးရှို့​နေစဥ်။ ဓါတ်ပုံ-CJ)

ပေါက်မြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်က ယ​နေ့နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာ၍ ကျေးရွာများရှိ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက​ပြောသည်။

စစ်ကောင်စီတပ်က အောက်တိုဘာ ၃၀ ရက်ကတည်း ပေါက်မြို့နယ်၊ ပျူစောထီးများ ခြေကုတ်ယူထားသည့် ဝက်ပုတ်ရွာမှ အင်အား ၇၀ခန့်ဖြင့် စစ်ကြောင်းထိုးနေလာပြီး ယနေ့မနက်ပိုင်း(နိုဝင်ဘာ ၁ရက်) ၈နာရီခွဲခန့်က လက်ခုပ်ပင်ရွာသို့ စစ်​ကြောင်းထိုး၍ မီးရှို့နေကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကလည်း​ပြောသည်။

“ထိတွေ့တိုက်ပွဲဖြစ်ဖို့ အခြေအနေများနေပါတယ်။ မြေပြင်အခြေအနေက အသေးစိပ်မသိရသေးဘူး”ဟု အနောက်ပိုင်းတိုင်း တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ယမန့်နေ့(အောက်တိုဘာ ၃၁ ရက်) ညက ဆေးပင်ကြီးရွာတွင် ညအိပ်ခဲ့ပြီး ယနေ့မနက်ပိုင်းတွင် ဒေသခံကာကွယ်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွား​နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် ပေါက်မြို့နယ်၊ မြောက်ပိုင်းရှိ ကျေးရွာအချို့မှာ ပြည်သူများ ညတွင်းချင်းထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။