Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်မြို့နယ် စသိန်းရွာ စစ်အုပ်စုရှို့သည့်မီး ယနေ့နံနက်အထိ လောင်ကျွမ်းနေ

ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကာင်စီတ​ပ်သည် ကျွန်းတိုင်းရွာကို နိုဝင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ မီးရှို့ဖျက် ဆီးခဲ့ရာ ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(မီးရှို့ဖျက်ဆီးခံရသော စသိန်းကျေးရွာအား ယမန်နေ့ညက တွေ့ရစဥ်၊ဓာတ်ပုံ-Pauk Newsletter)
(မီးရှို့ဖျက်ဆီးခံရသော စသိန်းကျေးရွာအား ယမန်နေ့ညက တွေ့ရစဥ်၊ဓာတ်ပုံ-Pauk Newsletter)

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စသိန်းကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ညကတည်းက မီးရှို့ဖျက်ဆီးခဲ့ရာ ယနေ့နံနက်ပိုင်းအထိ မီးလောင်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ (နိုဝင်ဘာ၂၂ ရက်) ညနေပိုင်းက ပေါက်မြို့နယ် မြောက်ပိုင်း စသိန်းကျေးရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာယနေ့(နိုဝင်ဘာလ ၂၃ ရက်) နံနက်ပိုင်းအထိ မီးရှို့ဖျက်ဆီးနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ပေါက်မြို့ အရှေ့ဘက် အုန်းတောကျေးရွာဘက်သို့ ကားလေးစီးဖြင့် ဝင်ရောက်နေပြီးကျေးရွာအတွင်း မွှေနောက်နေကြောင်း၊ ပြည်သူများကိုလည်း ၈နာရီ အတွင်း ထွတ်ခိုင်းနေကြောင်း Pauk Newsletter၏ သတင်းပြန်ကြားရေး တာဝန်ခံ Salaiက ပြောသည်။

(မီးရှို့ဖျက်ဆီးခံရသော စသိန်းကျေးရွာအား ယမန်နေ့ညက တွေ့ရစဥ်၊ဓာတ်ပုံ-Pauk Newsletter)
(မီးရှို့ဖျက်ဆီးခံရသော စသိန်းကျေးရွာအား ယမန်နေ့ညက တွေ့ရစဥ်၊ဓာတ်ပုံ-Pauk Newsletter)

ယမန်နေ့ညကလည်း ပေါက်မြို့ပေါ်ရှိ စစ်ကောင် စီတပ်သည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့သည်။

Public Service Announcement

Public Service Announcement

“(၁၂၀) မမလို့ ယူဆပါတယ်။သုံးချက်ထုတယ် လို့သိရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ၁၈ ရက်ကတည်းက ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သည်။ အဆိုပါစစ်ကြောင်းကြောင့် ကျေးရွာ၁၀ရွာထက်မနည်း၊ ပြည်သူနှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကာင်စီတ​ပ်သည် ကျွန်းတိုင်းရွာကို နိုဝင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ မီးရှို့ဖျက် ဆီးခဲ့ရာ ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကျွန်းတိုင်းရွာအား မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့ သုံးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၁၁ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြိုင်(ပကဖ) အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။

သတင်း

နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။