Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လုံခြုံရေးဆိုင်ရာ အကျပ်အတည်းသစ်တွေ အမေရိကန် ကြုံရစေမယ်လို့ ကင်မ်ဂျုံအန်းရဲ့ ညီမ သတိပေး

ကင်မ်ယိုဂျောင်ဟာ မြောက်ကိုရီးယား နိုင်ငံရေး နယ်ပယ်မှာ ဩဇာအကြီးမားဆုံး အမျိုးသမီးအဖြစ် သတ်မှတ် ခံထားရသလို အစ်ကိုဖြစ်သူအပေါ် အထူးတလည် သစ္စာစောင့်သိသူလို့လည်း လူသိများပါတယ်။

လုံခြုံရေးဆိုင်ရာ အကျပ်အတည်းသစ်တွေ အမေရိကန် ကြုံရစေမယ်လို့ ကင်မ်ဂျုံအန်းရဲ့ ညီမ သတိပေး
လုံခြုံရေးဆိုင်ရာ အကျပ်အတည်းသစ်တွေ အမေရိကန် ကြုံရစေမယ်လို့ ကင်မ်ဂျုံအန်းရဲ့ ညီမ သတိပေး

လုံခြုံရေး ကဏ္ဍနဲ့ ပတ်သက်လို့ သေရေးရှင်ရေး အကျပ်အတည်း အသစ်တွေ ကြုံတွေ့ရစေမယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမက အမေရိကန်ကို ရည်ရွယ်ပြီး သတိပေး ပြောကြားလိုက်ပါတယ်။

ကင်မ်ယိုဂျောင်ဟာ မြောက်ကိုရီးယား နိုင်ငံရေး နယ်ပယ်မှာ ဩဇာအကြီးမားဆုံး အမျိုးသမီးအဖြစ် သတ်မှတ် ခံထားရသလို အစ်ကိုဖြစ်သူအပေါ် အထူးတလည် သစ္စာစောင့်သိသူလို့လည်း လူသိများပါတယ်။

မြောက်ကိုရီးယားက ကုလသမဂ္ဂ တားမြစ်ထားတဲ့ မဟာဗျူဟာ ဒုံးကျည် စမ်းသပ်မှုတွေ ဆက်လက် လုပ်ဆောင်နေတာ အပါအဝင် ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားအောင် ဆောင်ရွက်နေမှုတွေကို အပြင်းအထန် ရှုတ်ချတဲ့ အဆိုတစ်ရပ်အတွက် အမေရိကန်က ဘက်ပေါင်းစုံကနေ စဉ်းစားနေကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်က ပြောကြားခဲ့ပြီး မကြာခင်မှာပဲ ကင်မ်ယိုဂျောင်ဆီက အခုလို တင်းတင်းမာမာ တုံ့ပြန်မှုမျိုး ထွက်ပေါ်လာတာပါ။

သောမတ်စ် ဂရင်းဖီးလ်က မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသပ်မှုတွေနဲ့ ပတ်သက်လို့ ပိုမို ကန့်သတ် ပိတ်ပင်ဖို့ ထောက်ခံထားတဲ့ နိုင်ငံပေါင်း ၁၄ ခုရဲ့ သဘောတူ ကြေညာချက်ကိုလည်း ဖတ်ကြားပြသွားပါတယ်။

Public Service Announcement

Public Service Announcement

ကင်မ်ယိုဂျောင်ကတော့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဩစတြေးလျ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့လည်း ပါဝင်တဲ့ အဲဒီ ကြေညာချက်ကို စက်ဆုပ်စရာ ကိစ္စတစ်ခုလို့ ဝေဖန်သွားခဲ့ပါတယ်။ သူက အမေရိကန်ကို ကြောက်ကြောက်နဲ့ ဟောင်နေတဲ့ ခွေးတစ်ကောင်လို့ ပမာပြု နှိုင်းယှဉ်သွားပြီး ဒီကြေညာချက်မျိုးဟာ မြောက်ကိုရီးယားရဲ့ အချုပ်အခြာ အာဏာကို ထိပါးမှု၊ နိုင်ငံရေးအရ အကြီးအကျယ် ရန်စမှုလို့ မှတ်ယူကြောင်းလည်း ပြောပါတယ်။

အမေရိကန် အနေနဲ့ မြောက်ကိုရီးယားကို လက်နက် ဖျက်သိမ်းဖို့ ဘယ်လိုပဲ အသည်းအသန် ကြိုးစားပါစေ၊ မြောက်ကိုရီးယားရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့်ကို ဘယ်တော့မှ အဆုံးရှုံး ခံမှာ မဟုတ်ကြောင်း၊ မြောက်ကိုရီးယားကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေနဲ့ ရှေ့ဆက်တိုးလေလေ၊ အမေရိကန်ဟာ လုံခြုံရေးဆိုင်ရာ သေရေးရှင်ရေး အကျပ်အတည်းမျိုးတွေ ကြုံရလေလေဆိုတာ နားလည်သင့်ကြောင်း ကင်မ်ယိုဂျောင်က ကြိမ်းဝါးသွားပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက သူတို့ရဲ့ နျူကလီးယား လက်နက်တိုက်ထဲက ခေတ်အမီဆုံး စစ်လက်နက်ဖြစ်တဲ့ Hwasong-17လို့ ယုံကြည်ရတဲ့ တာဝေးပစ် ဒုံးကျည် တစ်စင်းကို စမ်းသပ် ပစ်လွှတ်ထားခဲ့ပါတယ်။ အဲဒီဒုံးကျည်ဟာ အမေရိကန် ပိုင်နက်ထိ ရောက်ရှိနိုင်စွမ်း ရှိလိမ့်မယ်လို့ ဂျပန် စစ်ထောက်လှမ်းရေးတွေက သုံးသပ်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။