Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူမြင်ကွင်းရှေ့မှာ သမီးဖြစ်သူကို စတင်ပွဲထုတ်လာတဲ့ ကင်မ်ဂျုံအန်း

ကင်မ်မှာ သမီး ၂ ဦးနဲ့ သား ၁ ဦး ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မိသားစုက တရားဝင် အတည်ပြုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။

လူမြင်ကွင်းရှေ့မှာ သမီးဖြစ်သူကို စတင်ပွဲထုတ်လာတဲ့ ကင်မ်ဂျုံအန်း
လူမြင်ကွင်းရှေ့မှာ သမီးဖြစ်သူကို စတင်ပွဲထုတ်လာတဲ့ ကင်မ်ဂျုံအန်း

နိုင်ငံရဲ့ ဒုံးကျည်လက်နက် အမျိုးအစားသစ်ကို သွားရောက် စစ်ဆေးရာမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက သူ့ရဲ့ သမီးကို ပထမဆုံးအကြိမ် လူမြင်ကွင်းရှေ့ ပွဲထုတ်လာခဲ့ပါတယ်။

ကင်မ်မှာ သမီး ၂ ဦးနဲ့ သား ၁ ဦး ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မိသားစုက တရားဝင် အတည်ပြုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ နိုဝင်ဘာ ၁၈ ရက်မှာတော့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက တိုက်ချင်းပစ် ဒုံးကျည်အသစ် မစမ်းသပ်ခင် ကြည့်ရှု စစ်ဆေးနေတယ်ဆိုတဲ့ ကင်မ်ရဲ့ ဓာတ်ပုံတွေကို ဖော်ပြရာမှာ သူ့ကို လက်တွဲထားတဲ့ အသက် ၁၂ နှစ်၊ ၁၃ နှစ်ဝန်းကျင် မိန်းကလေးငယ် တစ်ယောက်ပါ ပါလာခဲ့ပါတယ်။

အဲဒီ မိန်းကလေးရဲ့ အကြောင်းကို KCNAက အကျယ်တဝင့် ရှင်းပြမထားဘဲ ကင်မ်သွားရောက် စစ်ဆေးတာဟာ Hwasong-17 အမျိုးအစား တာဝေး ပျံသန်းနိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည်ဖြစ်ပြီး ပြုံယမ်း နိုင်ငံတကာ လေယာဉ်ကွင်းကနေ စမ်းသပ် လွှတ်တင်ခဲ့တယ်လို့သာ ထုတ်ပြန်သွားပါတယ်။ အဲဒီနေ့က ဒုံးကျည် စမ်းသပ်မှုဟာ အောင်မြင်ခဲ့တယ်လို့ ယုံကြည်ရပြီး ဂျပန် အစိုးရက မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဟာ အမေရိကန် ပိုင်နက်ထိ ရောက်ရှိနိုင်စွမ်း ရှိလိမ့်မယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

ကင်မ်ဟာ အရင်က သားသမီးတွေကို လူမြင်ကွင်းရှေ့ ထုတ်ပြလေ့ မရှိတာကြောင့် သူ့သမီးကို အခုလို ပွဲထုတ်လာတဲ့အပေါ် အားလုံးက စိတ်ဝင်တစား ရှိနေကြပါတယ်။ မိန်းကလေးရဲ့ နာမည်ကို KCNAက ထုတ်ဖော် ရေးသားတာမျိုး မရှိပေမယ့် ကင်မ်ဂျူအေ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၃ ခုနှစ်တုန်းက မြောက်ကိုရီးယားကို သွားရောက်လည်ပတ်ပြီး ကင်မ်နဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် ဘတ်စကက်ဘောကြယ်ပွင့် ဒင်းနစ် ရော့ဒ်မန်းက ကင်မ်နဲ့ ဇနီးဖြစ်သူ ရီဆိုလ်ဂျူတို့မှာ ဂျူအေဆိုတဲ့ သမီးတစ်ယောက်ရှိကြောင်း ပြောခဲ့ဖူးတာကြောင့်ပါ။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယား အစိုးရ မီဒီယာတွေ ကင်မ်မှာ အိမ်ထောင်ရှိတယ် ဆိုတာကိုတောင် ၂၀၁၂ ခုနှစ်ထိ အတည်မပြုခဲ့ပါဘူး။ အဲဒီနောက်ပိုင်း ရီက ကိုယ်ဝန်ရှိတယ်လို့ ယုံကြည်ရတဲ့ အခြေအနေ ဖြစ်လာပြီး အင်္ကျီ အပွကြီးတွေ ဝတ်တာကို တွေ့ခဲ့ဖူးပေမယ့် မြောက်ကိုရီးယား အာဏာပိုင်တွေကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အတည်ပြုတာ ငြင်းဆိုတာ ဘာမှမရှိဘဲ နှုတ်ဆိတ်နေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့အလယ်မှာ မြောက်ကိုရီးယားရဲ့ ရပ်တည်မှုဟာ တစ်နေ့ပြီးတစ်နေ့ ပိုမိုခိုင်မာ ထည်ဝါလာနေတယ်လို့ အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား မဟာမိတ် ဆက်ဆံရေးဟာ သေချာပေါက် ပိုမိုခိုင်မာ အားကောင်းလာမှာ ဖြစ်တယ်လို့ မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းက ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဆီ ပေးပို့တဲ့ မွေးနေ့ဆုတောင်း သဝဏ်လွှာမှာ ထည့်သွင်း ဖော်ပြထားခဲ့ပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ နိုင်ငံ ခေါင်းဆောင် ၄ ယောက်ရဲ့ ပုံတူ ရုပ်တုတွေကို Mount Rushmore တောင်ပုံစံ ထွင်းထုပြသထားတဲ့ ဘန်ကောက် စျေးဝယ်စင်တာ တစ်ခုရဲ့ စိတ်ကူးဟာ လူမှုကွန်ရက်တွေပေါ်မှာ အတော်လေး လူပြောများနေပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ကို သွားရောက်တဲ့ ခရီးစဉ်အတွင်း မြောက်ကိုရီးယား အာဏာပိုင်တွေဟာ ခေါင်းဆောင်ကြီး ကင်မ်ဂျုံအွန်းရဲ့ မျိုးဗီဇ အချက်အလက် (DNA) နမူနာတွေ ကျန်မနေအောင် အထူးဂရုတစိုက် ရှင်းလင်းခဲ့ကြပါတယ်။