Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် ယနေ့ည KIA၊PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်

မိုင်းဖောက်ခွဲတိုက်ခိုက်ခံရသည့်နေရာသို့ စစ်ကောင်စီတပ်ရောက်ရှိလာပြီး ထိပ်တိုက် တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖားကန့်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက People’s Spring သို့ ပြောသည်။

ကေအိုင်အေ တပ်သားနှစ်ဦးကို လိုင်ဇာအနီးတွေ့ရစဉ်။ဓာတ်ပုံ - ရိုက်တာ
ကေအိုင်အေ တပ်သားနှစ်ဦးကို လိုင်ဇာအနီးတွေ့ရစဉ်။ဓာတ်ပုံ - ရိုက်တာ

ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦးထက်မနည်းသေဆုံးပြီးနောက် ယနေ့ညပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မ တော်(KIA)၊PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်။

ဖားကန့်မြို့နယ် စပေါ့ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲဲ့ဝင် ငါးဦးလိုက်ပါလာသောယာဉ်အား KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့(နိုဝင်ဘာလ ၂၃ရက်)ညနေ ၄နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ကားပေါ်ပါ ငါးဦးအနက် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။

မိုင်းဖောက်ခွဲတိုက်ခိုက်ခံရသည့်နေရာသို့ စစ်ကောင်စီတပ်ရောက်ရှိလာပြီး ထိပ်တိုက် တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖားကန့်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

“မိုင်းခွဲတိုက်ခိုက်တာမှာ စခ နှစ်ကောင်သေတယ်။ သုံးဦးဒဏ်ရာပြင်းတယ်။ အဲ့ဒီနားမှာ ကလေးတေ(ပြည်သူ့ကာကွယ်ရေးရဲဘော်များ) ရှိနေချိန် စခတွေရောက်လာပြီး တိုက်ပွဲဖြစ်တယ်။ ညမှောင်ကာနီးမှာ စစ်တပ်ကုန်းကနေ လက်နက် ကြီးနဲ့ပစ်လို့ သောင်းကော့ရွာထဲကို လက်နက်ကြီးကျပြီး အခု အိမ်အချို့မီးလောင်နေပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ညနေက ၁၅မိနစ်လောက် ရင်ဆိုင်တိုက်ပွဲဖြစ်တယ်။ စစ်တပ်က သူတို့လူထိတော့ ပြည်သူကိုမဲနေတယ်။ ဒီည တော်တော်လေး သတိထားရမယ်”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ယနေ့ည ၇နာရီခွဲခန့်အထိ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့တွင် နိုဝင်ဘာ၁၉ရက် နံနက်အစောပိုင်းက KTVခန်းတစ်ခုအတွင်း အရပ်ဝတ်ဖြင့် သီချင်းဆိုနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီးနှစ်ဦးအပါအဝင် ငါးဦးပွဲချင်းပြီးသေဆုံးပြီး သုံးဦးဒဏ်ရာအပြင်းအထန်ရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။