Connect with us

Hi, what are you looking for?

သတင်း

BLACK WOLF – PDF တည်ထောင်ရာတွင်ပါဝင်ခဲ့​သောရဲ​ဘော်ကိုလှိုင်ဝင်း ခင်ဦးတိုက်ပွဲတွင်ကျဆုံး

ထို့နောက် မွန်းလွဲ ၂နာရီခန့်တွင် စစ်အုပ်စုက ရဟတ် ယာဥ်ဖြင့် မုံလှကျေးရွာအား ၁နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ​ဘော်ကိုလှိုင်ဝင်းအပါအဝင် ဒေသကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်၆ ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။

(ကျဆုံးခဲ့​သောရဲကိုလှိုင်ဝင်း ။ ။ဓါတ်ပုံ-Black Wolf -PDF)
(ကျဆုံးခဲ့​သောရဲကိုလှိုင်ဝင်း ။ ။ဓါတ်ပုံ-Black Wolf -PDF)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အခြေစိုက် BLACK WOLF – PDF အဖွဲ့ စတင်တည်ထောင်သူများတွင်ပါဝင်သည့် ရဲဘော်ကိုလှိုင်ဝင်း ခင်ဦးမြို့နယ် တိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း BLACK WOLF – PDF တာဝန်ခံက ပြောသည်။

ကျဆုံးခဲ့​သောရဲဘော်ကိုလှိုင်ဝင်းသည် BLACK WOLF – PDF ပေါ်ပေါက်လာအောင် စတင်ကတည်းကကူညီပံ့ပိုး တည်ထောင်ပေးခဲ့သော အဓိက Fundriser (ရန်ပုံ​ငွေရှာ​ဖွေ​ပေးသူ)တစ်ဦးလည်း ဖြစ်ကြောင်း၊ BLACK WOLF – PDF သည် ကိုလှိုင်ဝင်း၏ တည်ဆောက်ပေးမှု၊ ကူညီဖေးမမှုနှင့်အတူ တော်လှန်ရေးကာလအတွင်း အင်အားကြီးမားစွာ တည်ဆောက်နိုင်ခဲ့ကြောင်း BLACK WOLF – PDF ကထုတ်ပြန်သည်။

ကိုလှိုင်ဝင်းသည် နိုဝင်ဘာလ ၂၃ ရက်နေ့က တိုက်ပွဲတွင်ရှေ့တန်းတစ်နေရာ၌ ကျဆုံးခဲ့ပြီးအဖွဲ့သားများ အထူးဝမ်းနည်းကြေကွဲရကြောင်း၊ ကိုလှိုင်ဝင်းအတွက် စစ်ကောင်စီအား တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း အဖွဲ့က အသိပေးသည်။

“Black Wokf pdfက သူ့ကြောင့်ပေါ်ပေါက်ခဲ့တာပါ။ လက်စားချေတိုက်ခိုက်သွားမယ်လို့ကတိပြုပါတယ်”ဟု BLACK WOLF – PDFတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာလ ၂၃ ရက်နေ့ကစစ်ကောင်စီတပ်များသည်ကျေးရွာများအား မီးရှို့ဖျက်ဆီးပြီး မုံလှကျေးရွာဘက်သို့ဝင်လာချိန် လမ်းတစ်လျှောက်၌ PDFများ​ထောင်ထား​သောပ​ဒေသာမိုင်းများအပြင်းအထန်ထိခဲ့သည်။ထို့​နောက်စစ်​ကောင်စီတပ်နှင့် PDFများတိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို​နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးပြီးအထိနာခဲ့ကြောင်း KURDAF အဖွဲ့ တာဝန်ခံက ပြောသည်။စစ်အုပ်စုမှာ အထိနာပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ပင်စိမ်းကင်းရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး မုံလှကျေးရွာအား လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်။

ထို့နောက် မွန်းလွဲ ၂နာရီခန့်တွင် စစ်အုပ်စုက ရဟတ် ယာဥ်ဖြင့် မုံလှကျေးရွာအား ၁နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ​ဘော်ကိုလှိုင်ဝင်းအပါအဝင် ဒေသကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်၆ ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။

​​​ထိုအပြင် စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူနှစ်ဦးလည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook