Connect with us

Hi, what are you looking for?

သတင်း

ရှေ့တန်းစခန်းမှ စစ်ကောင်စီတပ်သား နှစ်ဦး KNU တပ်မဟာ(၁)ထံ အလင်းဝင်လာ၊ ၂လ ကျော်အတွင်း အလင်းဝင်လာသူ ၁၀ဦးကျော်ရှိ

စစ်ကောင်စီတပ်သား နှစ်ဦးသည် KNUတပ်မဟာ (၅)နှင့် တပ်မဟာ(၁) နယ်မြေအစပ်ရှိ စစ်ကောင်စီ ရှေ့တန်းစခန်းမှ လက်နက်မဲ့ဖြင့် ထွက်ပြေးလာခြင်းဖြစ်ည်ဟု ၎င်းက ဆိုသည်။

KNU တပ်မဟာ (၁)နယ်မြေအတွင်း အလင်းဝင်လာသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
KNU တပ်မဟာ (၁)နယ်မြေအတွင်း အလင်းဝင်လာသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ သထုံခရိုင် သို့ စစ်ကောင်စီတပ်သား နှစ်ဦးထပ်မံအလင်းဝင်လာရာ ၂လကျော်အတွင်း အလင်းဝင်လာသူ ၁၀ဦးကျော်ရှိကြောင်း KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌဗိုလ်မှူးစောကျော်မြင့်က ပြောသည်။

စစ်ကောင်စီတပ်သား နှစ်ဦးသည် KNUတပ်မဟာ (၅)နှင့် တပ်မဟာ(၁) နယ်မြေအစပ်ရှိ စစ်ကောင်စီ ရှေ့တန်းစခန်းမှ လက်နက်မဲ့ဖြင့် ထွက်ပြေးလာခြင်းဖြစ်ည်ဟု ၎င်းက ဆိုသည်။

“စကခ(၈) ၊ ၄၀၅တပ်ရင်းက။ အဲဒါ ၂၁ရက်နေ့က ထွက်ပြေးလာပြီး ကျွန်တော်တို့ဆီကို ရောက်လာတာပေါ့။ သူတို့ ရဲဘော်နှစ်ယောက်လုံးပဲ။ စကခ(၈)၊ ၄၀၅ တပ်က ကျွန်တော်တို့ တပ်မဟာ (၁)နယ်မြေနဲ့ ဖာပွန်မဲဝိုင်ဘက် သူတို့တွေစစ်ကြောင်း အမြဲတမ်းထိုးနေတာ။အဲဒီက စစ်ကြောင်းက ရဲဘော်တွေပေါ့”ဟု ဗိုလ်မှူး စောကျော်မြင့်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာမှ ယခုအချိန်ထိ KNU တပ်မဟာ(၁)နယ်မြေသို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၁၀ဦးကျော်ရှိပြီဟုလည်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီ ၉လပိုင်းကနေ ကျွန်တော်တို့ တပ်မဟာ (၁)ထဲရောက်လာတာ ၁၀ယောက်ကျော်နေပြီ။ လက်နက်ပါတာ ၃၊ ၄ယောက်ပါတယ်။ကျွန်တော် တို့ဆီကပဲ စောင့်ရှောက်ရတာပေါ့။ သူတို့ တွေလုံခြုံရေးအတွက်ရော စားဝတ်နေရေး အတွက်ရော ကျနော်တို့ တက်နိုင်တဲ့ဘက်က ကျနော်တို့ စားသလို ကျနော်တို့နေသလို သူတို့နေရာတာပေါ့။ စခန်းထဲမှာရှိတဲ့အခါ စခန်းရဲ့ စည်းကမ်းကိုလည်း လိုက်နာရတာပေါ့။ ဒီဘက်ရောက်လာတာတော့ သူတို့အတွက်ပိုပြီးလွတ်လပ်တာပေါ့” ဟု ဗိုလ်မှူးစောကျော်မြင့်က ပြောသည်။

KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်တွင် စစ်ကောင်စီတပ်များကို ခြုံခိုတိုက်ခိုက်မှုများ၊ ယာဉ်တန်းများကို မိုင်းဆွဲတိုက်ခိုက်ခြင်းများ မကြာခဏ လုပ်ဆောင်လျက်ရှိကြောင်းလည်း ဗိုလ်မှူးစောကျော်မြင့်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ