Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၆)နယ်မြေအတွင်း လေးရက်ကြာတိုက်ပွဲပြင်းထန်

နိုဝင်ဘာလ(၂၂)ရက် နံနက်ပိုင်းမှစတင်၍ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ဘလက်တိုကျေးရွာအနီးသို့ ပစ်ခတ်ခဲ့ပြီး ညနေသုံးနာရီခွဲခန့်တွင် ဘလက်တိုကျေးရွာအနီး ငါးကန်ဂိတ်သို့ စစ်ကောင်စီတပ်မှ ကြားဖြတ်ထိုးဖောက်နေရာယူကာ ကော်ဘရာစစ်ကြောင်း၏ ရိက္ခာတင်ကားအား တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNU တပ်မဟာ(၆)နယ်မြေအတွင်း လေးရက်ကြာတိုက်ပွဲပြင်းထန်
KNU တပ်မဟာ(၆)နယ်မြေအတွင်း လေးရက်ကြာတိုက်ပွဲပြင်းထန်

KNU တပ်မဟာ(၆)နယ်မြေအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား လေးရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းမှ ယနေ့ နိုဝင်ဘာလ(၂၄)ရက်တွင် ထုတ်ပြန်သည်။

နိုဝင်ဘာလ(၂၁)ရက်က စစ်ကောင်စီ၏ တပ်မ(၄၄)လက်အောက်ခံ တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာလုံခြုံရေးစစ်ကြောင်း တပ်ခွဲ(၂)၊ Federal Wings ဒရုန်းအဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့တို့အကြား လေးရက်ကြာ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

နိုဝင်ဘာလ(၂၁)ရက် နံနက်(၈)နာရီခန့်တွင် ဘလက်တိုကျေးရွာအနီးသို့ ကျူးကျော်လာသော စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက်(၉)နာရီအချိန်တွင် စစ်ကောင်စီတပ်များ ဆုတ်ခွာထွက်ပြေးခဲ့ကြကာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ပစ်ကူတိုက်ခိုက်သော်လည်း ပူးပေါင်းတပ်ဖွဲ့မှ ထောင်ထားသည့်မိုင်းထိမှန်သဖြင့် စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးနှင့် တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ(၂၂)ရက် နံနက်ပိုင်းမှစတင်၍ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ဘလက်တိုကျေးရွာအနီးသို့ ပစ်ခတ်ခဲ့ပြီး ညနေသုံးနာရီခွဲခန့်တွင် ဘလက်တိုကျေးရွာအနီး ငါးကန်ဂိတ်သို့ စစ်ကောင်စီတပ်မှ ကြားဖြတ်ထိုးဖောက်နေရာယူကာ ကော်ဘရာစစ်ကြောင်း၏ ရိက္ခာတင်ကားအား တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုပစ်ခတ်မှုဖြစ်စဉ်အတွင်း မြ၀တီ-ဝေါ်လေ ကားလမ်းမတွင် သွားလာနေကြသော DKBA ကားတစ်စီး၊ ကော်ဘရာစစ်ကြောင်း၏ ရိက္ခာယာဉ်၊ ပြည်သူကားတစ်စီးနှင့် ကုန်တင်ယာဉ်(၄)စီးတို့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး DKBA တပ်ဖွဲ့ယာဉ်ပေါ်ရှိ တပ်ဖွဲ့ဝင်များနှင့် ပြည်သူပိုင်းကားပေါ်မှ အရပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ဆိုသည်။

ထို့အပြင် ကော်ဘရာစစ်ကြောင်းရိက္ခာယာဉ်ပေါ်ရှိ ရဲဘော်တစ်ဦး၊ ရဲမေနှစ်ဦး စုစုပေါင်းသုံးဦး ကျဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သည့် ရဲဘော်(၈)ဦးအား နောက်တစ်နေ့ နံနက်ခင်းဖြစ်သည့် နိုဝင်ဘာလ(၂၃)ရက်နေ့တွင် ကော်ဘရာစစ်သည်တော်များမှ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့သည်။

ယင်းနေ့ နိုဝင်ဘာလ(၂၂)ရက်နေ့ ညနေ(၃)နာရီခွဲမှ တညလုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိ(၅)ဦးအပါအဝင် (၁၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီက အတွဲလိုက်ပစ်ဒုံးကျည်များ၊ (၁၂၀)မမ လက်နက်ကြီးများဖြင့် တရစပ်ပစ်ကူပေးသည့်အပြင် ရဟတ်ယာဉ်နှင့်ပါ ပစ်ကူပေး ပစ်ခတ်ခဲသည်။

နိုဝင်ဘာလ(၂၃)ရက်နေ့တွင်လည်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ပြင်းထန်စွာပစ်ခတ်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ မဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီတပ်က တောင်ကုန်းတစ်ခုကို တက်ရောက်ရာတွင် ပူးပေါင်းအဖွဲ့မှ ထောင်ထားသည့်မိုင်းများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ယနေ့ နိုဝင်ဘာလ(၂၄)ရက်နေ့ နေ့လည်(၁၂)နာရီခန့်မှ စတင်၍ ည(၇)နာရီခွဲအထိ စစ်ကောင်စီတပ်မှ မြွေသုံးကောင်ဘုရားကုန်းမှ အတွက်လိုက်ပစ်ဒုံးများ၊ (၁၂၀)မမ လက်နက်ကြီးများ ပစ်ခတ်လျက်ရှိနေပြီး ယခုလို ပစ်ခတ်မှုကြောင့် ဘလက်တိုကျေးရွာရှိ ဒေသခံပြည်သူမျာ နေအိမ်အများအပြား ထိခိုက်ပျက်စီးလျက်ရှိသည်။

ဘလက်တိုကျေးရွာအတွင်းသို့ ကျူးကျော်လာသော စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်ဖွဲ့များအကြား ယနေ့ ညနေပိုင်းတွင် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်သားအများအပြား သေဆုံး ထိခိုက်လျက်ရှိကာ သေဆုံးထိခိုက်မှုအရေအတွက်အတိအကျအား အတည်မပြုနိုင်သေးကြောင်း၊ ယနေ့တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့များမှ ထိခိုက်မှုမရှိပါကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။