Connect with us

Hi, what are you looking for?

သတင်း

အရာတော်မြို့နယ်တွင် စစ်ကောင်စီလက်ချက် ကြောင့် နေအိမ် ၁,၂၀၀ ကျော်မီးလောင်ပျက်စီးပြီး ပြည်သူ ၂၁ဦး အသက်ဆုံးရှုံးခဲ့ရဟု မြို့နယ် (ပအဖ)အသိပေး

စစ်ကောင်စီတပ်က အရာတော်မြို့နယ် နွားမသင်းကျေးရွာကို မီးတင်ရှို့ခဲ့မှု အခြေအနေကို ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ၂၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့်ငွေတွင်းရွာခံ ပျူစောထီးများသည် အရာတော်နယ် တောင်ပိုင်း နွားမသင်းအရှေ့ကျေးရွာသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးနေစဉ်၊ဓာတ်ပုံ - အရာတော်ပို့စ်
နိုဝင်ဘာ၂၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့်ငွေတွင်းရွာခံ ပျူစောထီးများသည် အရာတော်နယ် တောင်ပိုင်း နွားမသင်းအရှေ့ကျေးရွာသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးနေစဉ်၊ဓာတ်ပုံ - အရာတော်ပို့စ်

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူလူထုများကို သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ရာ အာဏာသိမ်းမှု ဖြစ်စဉ်မှ ယခုလအထိ နေအိမ် ၁,၂၆၅ လုံး မီးလောင် ပျက်စီးခဲ့ရကာ ပြည်သူ ၂၁ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်ခဲ့သည်ဟု အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က အသိပေးထုတ်ပြန် သည်။

စစ်ကောင်စီတပ်က အရာတော်မြို့နယ် နွားမသင်းကျေးရွာကို မီးတင်ရှို့ခဲ့မှု အခြေအနေကို ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

“အကြမ်းဖက်စစ်ကောင်စီက နွားမသင်းကျေးရွာတွင် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများမှတ်တမ်း”ဟု ယမန်နေ့က ထုတ်ပြန်ရာ နိုဝင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့်ငွေတွင်းရွာခံ ပျူစောထီးများသည် အရာတော်နယ် တောင်ပိုင်း၊ နွားမသင်းအရှေ့ကျေးရွာသို့ သေနတ်များပစ်ဖောက်ကာ ဝင်ရောက်စီးနင်း၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ လုပ်ဆောင်ခဲ့၍ လူနေအိမ် ၈၂ လုံးနှင့် အိမ်ထောင်စုများ၏ ပစ္စည်းများ၊ လယ်ယာသုံး ကျွဲနွားများ၊ စိုက်ပျိုးရေး/စက်မှုပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများက နွားမသင်းကျေးရွာမှ ပြည်သူများ၏ ကျွဲနွားများ နှင့် ရွှေထည်/လက်ဝတ် ရတနာများအား ခိုးယူသွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

နွားမသင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့များက မီးတင်ရှို့ခဲ့မှုတွင် လေဖြန်းထားပြီး မျက်စိမမြင်သောကြောင့် မရှောင်တိမ်းနိုင်လိုက်သော အသက် ၉၀ အရွယ်ရှိ အဖွား ဒေါ်ဌေးမှာ အရှင်လတ်လတ် နေအိမ်မီးထဲတွင် သေဆုံးခဲ့ရသည်ဟု ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဤလုပ်ရပ်များကို “အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား၍ တိုက်ခိုက်သော လူမဆန်သည့် အကြမ်းဖက် စစ်ရာဇဝတ်မှုများ” အဖြစ် မှတ်တမ်းတင်ထားရှိပြီး ၎င်းပြစ်မှုများအား International Court of Justice (ICJ) ထံတွင် သက်သေအဖြစ် တင်ပြသွားမည်ဖြစ်ကြောင်း ထုတ်နြပ်သည်။

မြို့နယ်တွင်း ထပ်မံတိုးပွားလာသော စစ်တပ်မီးဘေးသင့် ပြည်သူများအား ယာယီနေထိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများကိုလည်း အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် အခြားတော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook