Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့နယ်တွင်တိုက်ပွဲများပိုပြင်းထန်လာနိုင်

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ အထိ နာ၍ ဖရူဆိုမြို့အနီးဝန်ကျင် ကျေးရွာများဖက်သို့ လက်နက်ကြီးများ ပစ်ခက်ခဲ့သော်လည်း ထိ ခိုက်မှုများမရှိခဲ့ကြောင်း အသိပေးသည်။

(KNDF တပ်ရင်း(၄) တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF)
(KNDF တပ်ရင်း(၄) တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF)

▪︎လောဘူးဒါးရပ်ကွက်တိုက်ပွဲတွင်စစ်​​ကောင်စီတပ် ၁ ဦး​​သေ ၊ ၂ ဦးဒဏ်ရာရဟု KNDF တပ်ရင်း ၄ ​ပြော

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်တွင်စစ်​ကောင်စီတပ်မှစစ်​​ရေးပိုမိုလှုပ်ရှားလာသဖြင့် ​တိုက်ပွဲမျာပိုမိုပြင်းထန်လာနိုင်​ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှတပ်ဖွဲဝင်အချို့က​ပြောသည်။

“ဖရူဆိုဘက်မှာ စ–(စစ်​ကောင်စီတပ်သား)တွေဘက်က လှုပ်ရှားမှု ပိုစိတ်လာတယ်။ဒါကြောင့် ရှေ့လျှောက်လည်း တိုက်ပွဲက ပြင်းထန်လာဖို့ပဲရှိတယ်”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၉ ရက်က ဖရူဆိုမြို့ ၊လောဘူးဒါးရပ်ကွက်အတွင်းသို့ KNDF နှင့်ဖရူဆို PDF တို့ပူးပေါင်း၍ နယ်မြေရှင်းလင်းရေး ဝင်ရောက်စဥ်စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ဆုံ၍တိုက်ပွဲ (၂)ကြိမ်ဖြစ်ပွားခဲ့သည်။တိုက်ပွဲ တွင် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း ၄ က ထုတ်ပြန်သည်။ စစ်သားများ​သေဆုံးဒဏ်ရာရမှု အ​​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်များ နှင့် နေ့လည်ပိုင်းတွင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ်တိုက်ပွဲများ၌ စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ အထိ နာ၍ ဖရူဆိုမြို့အနီးဝန်ကျင် ကျေးရွာများဖက်သို့ လက်နက်ကြီးများ ပစ်ခက်ခဲ့သော်လည်း ထိ ခိုက်မှုများမရှိခဲ့ကြောင်း အသိပေးသည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီ မှ မြို့တွင်း ကင်းပုန်းများဝပ်၍ တွေ့သမျှရမ်းသမ်း ပစ်သည့်အခြေနေ ရှိသောကြောင့် ပြည်သူများ ဂရုပြုနေ ထိုင်ရန်လည်း KNDF ကမေတ္တာရပ်ခံသည်။

နိုဝင်ဘာ ၂၅ ရက် နှင့် ၂၆ ရက်တွင်လည်း ဖရူဆိုမြို့နယ်တွင်းရှိစစ်ကောင်စီတပ် ၏ အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းနှင့် မာခရော့ရှေ့ခြေကုပ်စခန်းအား ကရင်နီတပ်​ပေါင်းစုကတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားလေးဦး သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ် KNDF တပ်ရင်း ၁၅ ထုတ်ပြန်ထားသည်။

စစ်ရေးအခြေအနေအရ ကရင်နီ(ကယား)ပြည် နယ်၊ဖရူဆိုမြို့နယ်အတွင်းဝင်ထွက်သွားလာခြင်းယာယီပိတ်ပင်ကြောင်း ကရင်နီပြည်အစိုးရ၊ပြည် ထဲရေးဝန်ကြီးဌာနက ယခုလ ၂၇ ရက် ရက်စွဲ ဖြင့်ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်