Connect with us

Hi, what are you looking for?

သတင်း

လျှပ်စစ်မီးကြိုးလာပြင်သည့် စစ်ကောင်စီတပ်ကို PDFတိုက်ခိုက်

ထိုစစ်ဆင်ရေးကို မြိုင်ပကဖရင်း (၁)၊မြွေပွေးပြောက်ကျားအဖွဲ့၊ ကျေးရွာLocalအဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း​ဖြစ်သည်။

(မီးကြိုးလာပြင်သည့်စစ်အုပ်စုကို တိုက်ခိုက်ခဲ့သော ရဲဘော်များအား တွေ့ရစဥ်။ ။ဓာတ်ပုံ-CJ)
(မီးကြိုးလာပြင်သည့်စစ်အုပ်စုကို တိုက်ခိုက်ခဲ့သော ရဲဘော်များအား တွေ့ရစဥ်။ ။ဓာတ်ပုံ-CJ)

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းတွင်ဖောက်ခွဲခံထားရ၍ ပျက်စီးသွားသော လျှပ်စစ်မီးကြိုးများအား စစ်ကောင်စီတပ်က လာပြင်စဥ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုလက်ျာက ​ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က ပေါက်မြို့နယ်မြောက်ပိုင်း၊ချောင်းကူးရွာအရှေ့ဘက် ၆ဖာလုံခန့်အကွာတွင် မီးကြိုးဆက်ရန် ဖောကား၃စီးဖြင့် လာသော စစ်ကောင်စီတပ်များကို ဒေသတွင်းအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲဝင် ၆ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိသွားကာ ဆေးရုံတင်ထားရကြောင်း မြိုင်ပကဖအဖွဲ့ခေါင်းဆောင် ကိုလက်ျာက ​ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ မိနစ်၂၀ ခန့်က ထိုမီးလိုင်းများကို မိုင်းခွဲခဲ့၍ ကြိုးများပြတ်တောက်ကာ လျှပ်စစ်ဓါတ်အား မရတော့ဘဲ ကာကွယ်ရေးပစ္စည်းစက်ရုံများဖြစ်သော ကပစ၂၄နှင့် ကျော ကပစ နှစ်ခုလုံးလုပ်ငန်းများ ရပ်နားထားရကြောင်း မြိုင်ပကဖအဖွဲ့ခေါင်းဆောင် ကိုလက်ျာက ​ပြောသည်။

“မနေ့တုန်းက လာပြင်တာ။ ပြင်လို့ရမသွားပါဘူး။ ဒီကမြင်တာနဲ့ပစ်ကြတော့။ ပြင်မယ့်နေရာအနီးထိရောက်တယ်။ ကျွန်တော်တို့က သူတို့လာပြင်တာကို စောင့်နေရင်း ပစ်ခတ်မှုဖြစ်တာပါ။ဒီမနက်လ​ည်း ထိတွေ့မှုဖြစ်နေတယ်။”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုစစ်ဆင်ရေးကို မြိုင်ပကဖရင်း (၁)၊မြွေပွေးပြောက်ကျားအဖွဲ့၊ ကျေးရွာLocalအဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း​ဖြစ်သည်။

ပေါက်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်က ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ (စက်တင်ဘာ၁၁ရက်) မှာလျှပ်စစ်မီး ပြတ်တောက်မှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ‌ပြည်သူတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။