Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က လေးရွာဆက် မီးရှို့ဖျက်ဆီး

နိုဝင်ဘာ ၂၉ ရက်ကလည်း ရွှေဘိုမြို့နယ်အနောက်ခြမ်း၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲလေးကြိမ်ဖြစ်ပွားရာ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သည်။

မီးရှို့ဖျက်ဆီးခံနေရသော အင်ကြင်းပင်နှင့် သပွတ်တောရွာကို တွေ့ရစဥ်၊ ဓာတ်ပုံ-Fire Dragon
မီးရှို့ဖျက်ဆီးခံနေရသော အင်ကြင်းပင်နှင့် သပွတ်တောရွာကို တွေ့ရစဥ်၊ ဓာတ်ပုံ-Fire Dragon

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ရွာစဥ်လှည့်မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ထိတွေ့ပစ်ခတ်မှုရှိပြီး ကျေးရွာလေးရွာဆက် မီးရှို့ဖျက်ဆီးခံနေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၁ရက်)က ရွှေဘိုအ‌နောက်ပိုင်း မြင်းစီးကျေးရွာတွင် ညအိပ်တပ်စွဲခဲ့သော စစ်ကောင်စီတပ်သည် ယနေ့(ဒီဇင်ဘာ ၂ ရက်) နံနက်ပိုင်းတွင် ပျူစောထီးများအပါအဝင် အင်အား ၆၀ခန့်ဖြင့် ဆင်အင်းကျေးရွာသို့ ရောက်ရှိခဲ့သည်။

ထို့နောက် ဆင်အင်းကျေးရွာရှိ နေအိမ်အချို့ကိုမီးရှို့ဖျက်ဆီးခဲ့ပြီး နံနက် ၁၁နာရီခန့်တွင် မြောက်ဘက်ရှိ အင်ကြင်းပင်ရွာသို့ဦး တည်ထွက်လာစဉ် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့်ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက ပြောသည်။

“မြင်းစီးရွာက ပျူဌေးအောင်အဖွဲ့က ဦးဆောင်ပြီးတတိယအကြိမ် ဆင်အင်းရွာကို ထပ်မံမီးရှို့နေတာလို့ သိရပါတယ်။ မီးအားအရမ်းများပါတယ်။ ထိခိုက်ကျဆုံးမသိရသေးပါဘူး။ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံတွေလည်း ကြားရတယ်။ ဒေသခံတွေလည်း ထွက်ပြေးနေရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့နောက် အင်ကြင်းပင်ကျေးရွာအား မီးရှို့ဖျက်ဆီး၍ ဗျိုင်းကြိုင်ကျေးရွာဘက်သို့ ဆက်ထွက်လာရာဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့မှုတစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ကြောင်း ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက ပြောသည်။

ဗျိုင်းကြိုင်ရွာကိုပါ ထပ်မံမီးတင်ရှို့ခဲ့ပြီး သပွတ်တောကျေးရွာဘက်သို့ဆက်လက်ထွက်ခွာသွားကြောင်း မွန်းလွဲ ၁ နာရီမိနစ် ၄၀ခန့်တွင် သပွတ်တောကျေးရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းအဖွဲ့က ပြောသည်။

“တိုက်ပွဲခဏတာဖြစ်ပါတယ်။ ဆင်အင်းကအထွက်၊အင်ကြင်းပင်ကအထွတ်၊ဗျိုင်းကြိုင်ကအထွတ်၊ သပွတ်တော။ အခုထညှင်းကုန်းရွာကို ဆက်လက်ဦးတည်သွားနေပါတယ်။အကျအဆုံးမသိရသေးပါဘူး။ ရွာတွေကို မီးရှို့ဖျက်ဆီးနေပါတယ်။”ဟု Fire Dragon အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နိုဝင်ဘာ ၂၉ ရက်ကလည်း ရွှေဘိုမြို့နယ်အနောက်ခြမ်း၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲလေးကြိမ်ဖြစ်ပွားရာ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သည်။

အဆိုပါနေ့ကလည်း စစ်ကောင်စီတပ်သည် ဘိုတဲကုန်းရပ်က်ထိပ်၊ ကံသာကုန်း၊ ကျီးကန်ရွာတို့ကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook